
APM ၊ အောက်တိုဘာ ၂၇/၂၀၂၃
ဒေနိ(အောက်တိုဘာ ၂၇ ရက်နိ)မိုးထပိုင်းကစလို့ ပုဏ္ဏားကျွန်း၊ မောင်တောနန့် တောင်ကုတ်စရေ မြို့နယ် ၃ ခုမာ မြန်မာစစ်တပ်က လက်နက်ကြီး၊လက်နက်ချေ စမ်းသမ်းပစ်ခတ်မှုတိ တပြိုင်တည်း ပြုလုပ်နီကြောင်း သိရပါရေ။
ပုဏ္ဏားကျွန်းမြို့နယ်မာ မြန်မာစစ်တပ်ခမရ (၅၅၀) တပ်ရင်းက ဒေနိမိုးထ ၈ နာရီလောက်က လက်နက်ချေ စမ်းသပ်ပစ်သတ်မှုပြုလုပ်ခရေလို့ ပုဏ္ဏားကျွန်းဒေသခံတယောက်ကဆိုပါရေ။
အလားတူ မောင်တောမြို့နယ်ဟိ မြန်မာစစ်တပ် တပ်စွဲထားရေ အင်းဒင်စခန်းနန့်ကျောက်ပန္ဒူစခန်းရို့ကလည်း ဒေနိမိုးထက လက်နက်ကြီး၊လက်နက်ချေပစ်ခတ်မှုပြုလုပ်ခပါရေ။
ယင်းအပြင် တောင်ကုတ်မြို့နယ်၊တရဂူကျေးရွာနားဟိ မြန်မာစစ်တပ်၏ စစ်ရီးလိကျင့်ရီးကွင်းကလည်း လက်နက်ကြီးစမ်းသမ်းပစ်ခတ်ဖို့လို့ မြန်မာစစ်တပ်ဖက်က အနီးနားဟိကျေးရွာများကို အသိပီးထားကြောင်း သိရပါရေ။
မြန်မာစစ်တပ်စွာ ဒေရက်ပိုင်းအတွင်းမာ ရက္ခိုင်ပြည်မြို့နယ်တိဟိ သူရို့တပ်စခန်းတိသို့ နည်းမျိုးစုံသုံးပနာ စစ်အင်အားဖြည်းတင်းစွာ၊ လက်နက်ကြီး၊လက်နက်ချေစမ်းသပ်ပစ်ခတ်မှု တိပြုလုပ်စွာတိ နိတိုင်း ပြုလုပ်လာနီပါရေ။
ကုန်ခရေ အောက်တိုဘာ ၁၉ ရက်နိနန့် ၂၀ ရက်နိကလည်း မင်းပြားဟိ မြန်မာစစ်တပ်တိုင်းဗဟို(၉)က လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၂ ရက်ဆက်တိုက်ပြုလုပ်ခပါရေ။
အဂုပိုင် မြန်မာစစ်တပ်၏ လက်နက်ကြီး/လက်နက်ချေစမ်းသပ်ပစ်ခတ်မှုတိကြောင့် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ကြားနှစ်ဖက်စစ်ရီးတင်းမာပနာ နှစ်ဖက် တိုက်ပွဲတိဖြစ်လာဖို့ကို ဒေသခံတိအကြား စိုးရိမ်နီကတ်ပါရေ။
