APM၊ အောက်တိုဘာ ၂၇/ ၂၀၂၃
သျှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို ဒေနိမိုးထပိုင်းမာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးကေ တခြားဒေသအများအပြားမာ မြန်မာစစ်တပ်နန့် တိုက်ပွဲတိပြင်းထန်နီရေလို့ သိရပါရေ။
ဒေနိမိုးထပိုင်း ၄ နာရီလောက်ကစလို့ ချင်းရွှေဟော် ၊ကွမ်းလုံ၊မုံးကိုး၊လားရှိး၊နမ့်ကျွမ်းအစဟိရေ ဒေသတိမာ အထိုင် ချထားရေ မြန်မာစစ်တပ်တပ်စခန်းတိကို တချိန်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခစွာလို့ MNDAA က ဆိုပါရေ။
အဆိုပါတိုက်ပွဲတိအတွင်း ချင်းရွှေဟော်မြို့တိုက်ပွဲစွာ ပြင်းထန်ခပြီးကေ မြန်မာစစ်တပ်၏ ရော်ဘာတော ဗျူဟာကုန်း၊ ဖောင်ဆိပ် စခန်း၊ မြို့အဝင်ဂိတ်အပါအဝင် တပ်စခန်းတိအားလုံးကို သိမ်းယူခစွာကြောင့် မြန်မာစစ်သားတိနန့် ရဲတိအများအပြားသီဆုံးခကြောင်းနန့် လက်ဟိ မြို့ထဲမာ MNDAA က တပ်စွဲထားကြောင်း ဒေသခံတိက ပြောကြားပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တေ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နန့် တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (TNLA) ရို့စွာ သျှမ်းပြည်မြောက်ပိုင်းမာ စစ်ဆင်ရီး ၁၀၂၇ ကို ဒေနိစတင်လိုက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါရေ။
အဆိုပါစစ်ဆင်ရီးတစိတ်တပိုင်းအဖြစ် သျှမ်းပြည်မြောက်ပိုင်းဟိ လောက်ကိုင်၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်းစရေ မြို့နယ်အများအပြား တိုက်ပွဲတိပြင်းထန်နီပြီးကေ မြန်မာစစ်တပ်စခန်းတိ တခုပြီးတခု စီးနင်းခံနီရ စွာဖြစ်ပါရေ။
တချိန်တည်းမာ မြန်မာစစ်တပ်ဖက်ကလည်း သျှမ်းပြည်မြောက်ပိုင်းဟိ တိုက်ပွဲပြင်းထန်နီရေ နီရာတိမာ စစ်ရဟတ်ယာဉ်တိ၊ ဂျက် လီယာဉ်တိနန့် ဗုံးကြဲတိုက်ခိုက်နီပြီးကေ ဆက်တိုက်ပစ်ခတ်မှုတိလုပ်နီရေလို့ ဆိုပါရေ။
MNDAA ကလည်း မြန်မာစစ်တပ်စစ်အင်အားတိုးချဲ့လာဖို့စွာကို ဟန့်တားဖို့အတွက် လားရှိး-ချင်းရွှေဟော်၊ လားရှိး- မူဆယ် ပြည် ထောင်စုလမ်းမကြီးနှစ်ခုကို ဒေနိမိုးထပိုင်းကစလို အရေးပေါ် ပိတ်ပင်လိုက်ကြောင်းနန့် မည်သည့် ယာဉ်တန်းကိုမဆို ဖြတ်သန်း လားလာခွင့်မပီးဘဲ တိုက်ခိုက်ချေမှုန်းလားဖို့လို့ သီးသန့်ထုတ်ပြန်ထားပါရေ။
တိုက်ပွဲတိကြောင့် ချင်းရွှေဟော်က နီရပ်စွန့်ခွာထွက်ဗြီးလာရေ ဒေသခံတိအတွက် တရုတ်နိုင်ငံက နယ်စပ် နမ့်ဖာဟော်နယ်စပ် ဂိတ်ကို ဖွင့်ပီးထားပြီးကေ ဝပြည်၊ နမ့်တစ်မြို့သို့ဝင်ရေ ညီနောင်တန်းထားကိုလည်း UWSA က ဖွင့်ပီးထားကြောင်း သိဟိရပါရေ။
Photo – MNDAA/ CJ