
APM ၊ ဂျန်နဝါရီ ၂၇ / ၂၀၂၃
မင်းပြားမြို့နယ်တွင် ဒေနိ(ဂျန်နဝါရီ ၂၇ ရက်နိ) နိခင်း ၁ နာရီကျော်ခန့်က မြန်မာစစ်တပ်စခန်းချထားသည့် တောင်တန်းသို့ ထားရှာလားစဉ်မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး မင်းပြာဒေသခံတယောက် သီဆုံးလားကြောင်း သိရသည်။
သီဆုံးလားသူမှာ မင်းပြားမြို့နယ်၊ ဖားပြိုရွာမှ ဦးသန်းရွှေမောင်ဖြစ်ပြီး ဦးသန်းရွှေမောင်သည် ရွာအရှိဖက်ဟိ မြန်မာစစ်တပ် စခန်းချထားသည့် ဆနွင်းတောင်သို့ တယောက်တည်း ထင်းရှာလားစဉ် မိုင်းနင်းမိခခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးသန်းရွှေမောင်၏ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး၌ မြင်မကောင်းလောက်အောင် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရဟိလားကာ ရွာသို့ ယူဆောင်လာစဉ် လမ်းခုလတ်၌ သီဆုံးလားသည်။
ဂျန်နဝါရီ ၂၆ ရက်နိကလေ့ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်တပ်စခန်းအနားသို့ ထင်းရှာလားစဉ် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး မူဆလင် အချေ ၁ ယောက်သီဆုံးလားခကာ နောက်ထပ် ၃ ယောက် ဒဏ်ရာရလားခသိမ့် သည်။
ယင်းအပြင် ဂျန်နဝါရီ ၁၈ ရက်နိ၌လေ့ မြောက်ဦးအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၇၈) တပ်ရင်း အနား၌ ထင်းရှာသူ
မြောက်ဦးဒေသခံအမျိုးသား ၁ ယောက် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး၊ ခြီတဖက်ပြတ်ထွက်လားရသည်။
မိုင်းပေါက်ကွဲမှုအများစုမှာ မြန်မာစစ်တပ် တပ်ရင်း၊တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ မြန်မာစစ်တပ် တပ်စွဲနီထိုင်
ခသည့် နီရာများနန့် အယင်ကတိုက်ပွဲဖြစ်ပွားခသည့်ရွာနားရို့တွင် ပေါက်ကွဲမှုဖြစ်ပွားနီခြင်းဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှလေ့ပြည်သူများအနီနန့်မိုင်းအန္တရာယ်ကြောင့်ကိုယ်လက် အင်္ဂါဆုံးယှုံးမှု၊ အသက်ဆုံးယှုံးမှုများ မဖြစ်ရအောင် စစ်ကောင်စီတပ် တပ်ရင်းတပ်ဖွဲ့များနန့် နီးစပ်သော နီရာများ၊ တိုက်ပွဲဖြစ်ပွားခသော နီရာများနန့် အယင်က စစ်ကောင်စီတပ် စခန်းချနီထိုင်ခသော နီရာများသို့ လုံးဝမလားလာ ကတ်ရန် အကြိမ်ကြိမ်
သတိပီး တိုက်တွန်းထားကြောင်း သိရသည်။
