APM ၊ ဂျန်နဝါရီ ၂၇ /၂၀၂၃
နိုင်ငံရီးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ဂျန်နဝါရီ ၂၆ ရက်နိတွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်ပြီး၊ ဥပဒေပြဌာန်းသည့် နိမှစ၍ ရက်ပေါင်း ၆၀အတွင်း စစ်ကောင်စီ၏ ရွီးကောက်ပွဲဖြစ်မြောက်ရီးကော်မသျှင်ထံသို့ ပြည်လည်မှတ်ပုံမတင်သည့် နိုင်ငံရီးပါတီများ အနီနန့် နိုင်ငံရီးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဟု သိရသည်။
အသစ်ပြဌာန်းလိုက်သည့် ယခုဥပဒေတွင် မှတ်ပုံတင်ခွင့်ကျ၍ ရက်ပေါင်း ၉၀အတွင်း တနိုင်ငံလုံးကို စည်းရုံးမည့် ပါတီဆိုလျှင် အနည်းဆုံးပါတီဝင် ၁ သိန်းကို စည်းရုံးနိုင်ရမည်ဖြစ်ပြီး၊ တိုင်းနန့်ပြည်နယ်တခုအတွင်း စည်းရုံးမည့်ပါတီဆိုလျှင် အနည်းဆုံး ပါတီဝင် ၁ ထောင်ကို စည်းရုံးနိုင်ရမည်ဟု ပါဟိသည်။
တနိုင်ငံလုံးတွင် စည်းရုံးမည့်ပါတီဆိုလျှင် ပါတီရန်ပုံငွေကျပ်သိန်း ၁ ထောင်ကိုလည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း တရာကိုလည်းကောင်း မြန်မာ့စီးပွားရီး ဘဏ်တွင် ငွေစာရင်းဖွင့်ပြီးကြောင်း အထောက်အထား ပြနိုင်ရမည်ဟု ဖော်ပြထားသည်။
ယင်းအပြင် တနိုင်ငံလုံးတွင် စည်းရုံးမည့်ပါတီဆိုလျှင် တနိုင်ငံလုံးဟိ မြို့နယ်အားလုံး၏ ထက်ဝက်ခန့်တွင် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းဖွင့်လှစ်မည်ဟု ဝန်ခံချက်ကိုတင်ပြရမည်ဟု ဥပဒေတွင်ပြဌာန်းထားချက်အရ သိရသည်။