APM ၊ ဂျန်နဝါရီ ၂၇ / ၂၀၂၃
မနွယ်သန္တာဝင်း အသတ်ခံရမှုနန့် ပတ်သက်၍ စစ်ကောင်စီမှ မတရားဖမ်းဆီး တရားစွဲဆိုထားသည့် မောင်မျိုးချစ်စိုးသည် ဒေနိ(ဂျန်နဝါရီ ၂၇ ရက်နိ) တွင် အမှုမှ တရားသီပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
မောင်မျိုးချစ်စိုးသည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊(၅)ရပ်ကွက်မှဖြစ်ပြီး၊ စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ဟိ ဂတ်စ်ဆိုင်တဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နီသူဖြစ်ကာ၊ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိကမနွယ်သန္တာဝင်း အသတ်ခံရပြီးနောက် တရက်အကြာ၌ စစ်တွေ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးလားခခြင်း ဖြစ်သည်။
ယင်းနောက်မောင်မျိုးချစ်စိုးကို စစ်တွေမြို့၊ အမှတ် (၁)ရဲစခန်း၊ စခန်းမှူးက တရားလိုလုပ်ကာ ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု)နန့် မတရားသဖြင့် တရားစွဲဆိုထားခခြင်းဖြစ်သည်။
အမှုတွင် တရားလိုဖက်မှ သက်သီ ၂၄ ယောက်နန့် တရားခံဖက်မှ သက်သီ ၇ ယောက်ကို စစ်ဆီးခရာ မောင်မျိုး
ချစ်စိုး၌ အပြစ်တစုံတရာ မဟိကြောင်း စစ်ဆီးတွိဟိခရ၍ ဒေနိရုံးချိန်း၌ တရားသီပြန်လွှတ်ပီးလိုက်ခြင်းဖြစ်သည်။
မနွယ်သန္တာဝင်းသည် ၂၀၂၂ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိ၊ ညဇာ ၆ နာရီဝန်းကျင်၌ သူမအလုပ်လုပ်နီသော Luminous/ Livguard ပလပ်စတစ်ပစ္စည်းနန့်လူသုံးကုန်အရောင်းအဝယ်ဆိုင်၏ စတိုခန်းအတွင်း၌ ဝမ်းခေါင်းတွင် ထိုးသွင်း ဒဏ်ရာများ၊ လိုင်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သီဆုံးနီခြင်း ဖြစ်သည်။
ယင်းအမှုနန့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကလေ့ မနွယ်သန္တာဝင်းအား သတ်ဖြတ်ရာ၌ သံသယ ဟိသူ KKS&KMK ကုမ္ပဏီလီမီတက်၏ မန်နေဂျာ ဦးမျိုးမြင့်ဇော်(၃၄နှစ်)အားဖမ်းဆီး၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နန့်အညီ ရုံးတင်တရားစွဲဆိုခပြီး၊ လက်ဟိတွင် ယင်းအမှုမှာ စွဲချက်တင်သည့်အဆင့်သို့ ရောက်နီကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက သတင်းစာယှင်းလင်းပွဲ၌ ပြောကြားထားသည်။