
APM၊ အောက်တိုဘာ ၂၆/ ၂၀၂၂
ကျောက်ဖြူတွင်အောက်တိုဘာ၂၅ ရက်နန့်၂၆ရက်၊ နှစ်ရက်အတွင်း ကျောက်ဖြူမြို့နယ်မြီစာရင်းရုံးမှ မြီစာရင်းဦးစီးမှူးအပါအဝင်ဝန်ထမ်း ၄ယောက် ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခကြောင်းသိရသည်။
အောက်တိုဘာ(၂၅၊၂၆)နှစ်ရက်အတွင်းစစ်ကောင်စီ ဖမ်းဆီးခသည့် ကျောက်ဖြူမြို့နယ်မြီစာရင်းရုံးမှ ဝန်ထမ်း ၄ယောက်မှာ မြို့နယ် မြီစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်း (၅၂နှစ်) နန့် မြီတိုင်းစာရေးများဖြစ်သည့် ဦးခင်မောင်(၃၉နှစ်)၊ ဦးညီညီတင် (၄၅နှစ်)၊ ဦးထွန်း ထွန်းနိုင်(၄၅နှစ်) ရို့ ဖြစ်ကတ်သည်။
ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ်မြီစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းအား အောက်တိုဘာ ၂၅ ရက်နိ ညဇာ ၃ နာရီခန့်တွင် ထွေအုပ်ရုံး၌ အစည်း အဝေးတက်စဉ် ဖမ်းဆီးခပြီး၊ မြီတိုင်းစာရေး ဦးခင်မောင်နန့်ဦးညီညီတင်ရို့နှစ်ယောက်ကို ဒေနိ အောက် တိုဘာ၂၆ ရက်နိ၊ နိခင်း ၁၂ နာရီခန့်တွင် မြီစာရင်းရုံးထဲ ဝင်ရောက်ဖမ်းဆီးကာ၊မြီတိုင်းစာရေး ဦးထွန်း ထွန်းနိုင်ကိုလေ့ ဒေနိညဇာ ၄ နာရီ မိနစ် ၃၀ ခန့်တွင် မြီစာရင်းရုံးမှ ဖမ်းလားခသည်။
သူရို့ ၄ ယောက်စလုံးကို စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းထဲ၌ ထိန်းသိမ်းစစ်ဆီးနီပြီး၊ မြီတိုင်းစာရေး ဦးခင်မောင်နန့် ဦးညီညီတင် ရို့ နှစ်ယောက်ကိုတော့ ဒေနိ ညဇာ ၄ နာရီခန့်တွင် ပြန်လွှတ်ပီးလိုက်သည်။
အဆိုပါ စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းသည် စပ်တမ်ဘာ ၇ရက်နိမှအောက်တိုဘာ၂၆ရက်နိ အထိ ကာလအတွင်း ကျောက် ဖြူမှ အပြစ်မဲ့အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်းကို အကြောင်းအ မျိုးမျိုးပြ၍ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုး တပ် လျက် မတရားသဖြင့်အမှုဖွင့်တရားစွဲဆိုလျက် ဟိကြောင်း သိဟိရသည်။
