APM၊ အောက်တိုဘာ ၂၆/၂၀၂၂
စစ်တွေတွင် အောက်တိုဘာ ၂၅ ရက်နိ၌ ALP တပ်ဖွဲ့ဝင်များက အပြစ်မဲ့အရပ်သားပြည်သူတယောက်ကို ထပ်မံ၍ ဖမ်းဆီးလားခ ပြန်ကြောင်းသိရသည်။
အဖမ်းဆီးခံရသူမှာ စစ်တွေမြို့၊ရွာသာယာမှဦးအောင်လှဝင်း(၄၄ နှစ်) ဖြစ်သည်။
ဦးအောင်လှဝင်းမှာ သုံးဘီးဆိုင်ကယ်မောင်း၍ အသက်မွီးဝမ်းကျောင်းပြုနီသူဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နိ ညဇာ ၆ နာရီခွဲခန့် တွင် သုံးဘီးဆိုင်ကယ်ဖြင့် အဝီးဗြီးကားကွင်းမှ နီအိမ်သို့ပြန်လာစဉ် တုတ်၊ဓားလက်နက်များကိုင်ဆောင်လျက် ယူနီဖောင်းအ ပြည့်အစုံ ဝတ်ဆင်ထားသည့် ALP တပ်ဖွဲ့ဝင် ၈ ယောက် က ဦးအောင်လှဝင်းကို ၎င်း၏ သုံးဘီးဆိုင်ကယ်နန့်အတူ ဖမ်းဆီးခခြင်းဖြစ် ပါသည်။
ယင်းနောက် ဦးအောင်လှဝင်းကို နာဇီရွာ စက်ရုံစုရပ်ကွက် အေးသာယာလမ်းဟိ ALP ရုံးတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များမှ တွိခွင့်တောင်ရာ တွိခွင့်မပီးဘဲ လူမဆန်စွာ မောင်းထုတ်လိုက်ကြောင်း သိရသည်။
ဦးအောင်လှဝင်းသည် မြောက်ဦးမြို့နယ်၊ဈီးပင်ကြီး ရွာ ဇာတိဖြစ်ပြီး မိသားစုနန့်အတူ ရွာသာယာတွင် နီထိုင်ကာ စစ်တွေမြို့ရွှေပြည်သစ် ကားဂိတ်အနား၌ သုံးဘီးဆိုင်ကယ်မောင်း၍ ကုန်တင်၊ ကုန်ချ၊ ကုန်ပို့ လုပ်ငန်း လုပ်ကိုင်နီသူဖြစ်သည်။
ကုန်ခသည့် အောက်တိုဘာ ၉ ရက်နိ ဗုဒ္ဓဘာသာဝင်များ အထွဋ်တမြတ်တန်ဖိုးထားသော အခါကြီးရက် ကြီးဖြစ်သည့် ဝါကျွတ်လပြည့်နိ၌လေ့ ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ နာဇီရွာ စက်ရုံစုရပ်ကွက်ဟိ “ကေသုံးလုံး” ကုန်စုံဆိုင်မှ ဆိုင်ပိုင်သျှင် ဦးခင်မောင်ဝင်းနန့် ယောက်ဖဖြစ်သူ ဦးရန်နိုင်စိုးရို့ကို လူမဆန်စွာ သီနတ်များဖြင့် အကြမ်းဖက် ပစ်သတ်ခသိမ့်သည်။
ရက္ခိုင်ပြည် မြို့တော်စစ်တွေတွင် ကုန်ခသည့် ဩဂတ်စ်လ အစပိုင်းမှစ၍ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နန့်ပူးပေါင်းလျက် အပြစ်မဲ့အရပ် သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီး ရိုက်နှက်၊ နှိပ်စက်အနိုင်ကျင့်မှုများ၊ လက်နက်အားကိုးဖြင့်အာဏာပြခြိမ်းခြောက်ငွေညှစ်မှုများဆက်တိုက် ပြုလုပ်လျက်ဟိသကဲသို့ စစ်တွေမြို့ရပ်ကွက်တချို့တွင်လေ့သီနတ်၊တုတ်၊ဓားကိုယ်စီကိုင်ဆောင် လျက် ဝင်ရောက်ယမ်းကား ဆဲဆိုမှုများ ပြုလုပ်နီကြောင်း သတင်းများ အဆက်မပြတ် ထွက်ပေါ်လျက်ဟိသည်။