APM ၊ စပ်တမ်ဘာ ၂၆ / ၂၀၂၃
နီပေါနိုင်ငံနန့် တရုတ်နိုင်ငံရို့ကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရီးမဟာဗျူဟာအစီအစဉ်တိတိုးမြှင့်လုပ်ဆောင်ဖို့ စပ်တမ်ဘာ ၂၅ ရက်နိက နီပေါဝန်ကြီးချုပ် ပရာချန်ဒါနန့် တရုတ်ဝန်ကြီးချုပ် လီချန်းရို့ တွိဆုံ ဆွေးနွေးခကတ်တေလို့ သိရပါရေ။
နီပေါဝန်ကြီးချုပ် ပါ့ရှ်ပါ ကမေလ် ဒါဟယ် ပရာချန်ဒါစွာ တရုတ်နိုင်ငံသို့ တရားဝင်လားရောက်လည်ပတ်ခရေအချိန် ဝန်ကြီးချုပ် လီချန်းနန့် တွိဆုံဆွေးနွေးခကတ်စွာဖြစ်ပါရေ။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဂေါင်းဆောင်တိ၏ အရေးကြီးရေသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံလက်တွဲ ဆောင်ရွက်ရီးနန့် ဖွံဖြိုးတိုးတက်ရီး မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းမှုတိတိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခကတ်ပါရေ။
အလားတူ လက်တွိကျရေ ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအောင်ချဲ့ထွင်ဖို့၊ ဆက်ဆံရီးကို ပိုလို့မြင့်မားရေအဆင့်သို့ တွန်းအားပီးဖို့ နန့် ပိုလို့ကောင်းမွန်ရေ အနာဂတ်ကိုပူးပေါင်းဖန်တီးလားဖိုလည်းဆွေးနွေးခကတ်တေလို့ သိရပါရေ။
ဆွေးနွေးပွဲအပြီးမာနှစ်နိုင်ငံစီးပွားရီးနန့် ကုန်သွယ်မှု၊ စိုက်ပျိုးရီး၊ သိပ္ပံနန့် နည်းပညာ၊ ယဉ်ကျေးမှု၊ ထုတ်ဝီခြင်း၊ ဒစ်ဂျစ် တယ်စီးပွားရီး၊ စက်မှုလုပ်ငန်း၊ စစ်ဆီးရီးနန့် သီးသန့်ခွဲထုတ်ရီး၊ ဖွံ့ဖြိုးတိုးတက်ရီးဆိုင်ရာ ပံ့ပိုးကူညီမှုတိမာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရီးဆိုင်ရာ စာရွက်စာတမ်း ၁၀ စောင်ကို လက်မှတ်ရွီးထိုးခကတ်ပါရေ။
Source – Chinese premier holds talks with Nepalese PM
Photo – CCTV