APM ၊ စပ်တမ်ဘာ ၂၆/ ၂၀၂၃
ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ပေါ်ကျွန်းပေါက်တောရွာက အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံ ရမှုအတွင်း ထွက်ဗြီးလွတ်မြောက်နီရေ အဓိကသံသယဟိလူ ဦးမောင်မောင်အေးကို ဒေနိ(စပ်တမ်ဘာ ၂၆ ရက်နိ)မာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ပြန်ဖမ်းဆီးရမိကြောင်းသိရပါရေ။
ဦးမောင်မောင်အေးကို ဒေနိမိုးထက ကျွန်းပေါ်ပေါက်တောရွာဟိ သူ့အစ်မနီအိမ်မာ ULA/AA တပ်ဖွဲ့ဝင်တိကဖမ်းမိခစွာဖြစ်ပါရေ။
ဦးမောင်မောင်အေးစွာ ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရမှုအတွင်း သံသယနန့် စစ်ဆီးခံနီရရေ သံသယဟိလူတိထဲက တယောက်ဖြစ်ပြီးကေ ဖမ်းဆီးစစ်ဆီးနီစဉ်အတွင်း စပ်တမ်ဘာ ၁၉ ရက်နိကထွက် ဗြီးလွတ်မြောက်လားစွာ ဖြစ်ပါရေ။
အဆိုပါအမှုနန့်ပတ်သက်လို့ ULA/AAက အလောင်းကို မျက်မြင်တွိဟိခရေ သက်သီ ၆ ယောက်ကိုလည်း ခေါ် ယူစစ်ဆီးမှုတိဆက်လက်ပြုလုပ်နီရေလို့သိရပါရေ။
ဆရာမဒေါ်နှင်းယုနွယ်စွာ ပန်းဖော်ပြင် အလယ်တန်းကျောင်းမာ တာဝန်ကျနီရေ အလယ်တန်းပြ ဆရာမ တယောက် ဖြစ်ပြီးကေ စပ်တမ်ဘာ ၁၆ ရက်နိက စာပြဖို့လားစဉ် ပေါက်တော-ပန်းဖော်ပြင်လမ်းမာ အဓမ္မပြုကျင့် လိုင်လှီးသတ်ဖြတ်ခံခရစွာဖြစ်ပါရေ။