
APM၊ ဩဂတ်စ် ၂၆/ ၂၀၂၃
အိန္ဒိယနိုင်ငံ၊ တမီးနာဒူပြည်နယ်ဟိ မတ်ဒူရီမြို့ မီးရထားဘူတာရုံတွင် ဩဂတ်စ် ၂၅ ရက်နိက ခရီးသည်တင်မီးရထားတစီး၏ ရထားတွဲတတွဲမီးလောင်မှုဖြစ်ပွားခရာ လူ ၁၀ ယောက်သီဆုံးပြီး လူ ၂၀ ထိခိုက်ဒဏ်ရာရဟိခကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်မီးရထားသည် ဘူတာရုံ၌ရပ်ထားစဉ် မီးရထားတွဲတခု၌ တင်ဆောင်လာသည့် ဟင်းချက် ဂတ်စ်အိုးပေါက်ကွဲရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခခြင်းဖြစ်ပြီး သီဆုံးဒဏ်ရာရလူများကို မတ်ဒူရီမြို့ဟိ ပြည်သူ့ဆီးရုံသို့ ပို့ဆောင်ခသည်ဟု အာဏာပိုင်များက ပြောသည်။
အဆိုပါရထားတွင် ခရီးသည် ၆၅ ယောက်လိုက်ပါလာခြင်းဖြစ်ပြီး မီးရထားမီးလောင်ချိန် တွင် တခြားခရီးသည်များမှာ ပြတင်းပေါက်များမှ ခုန်ဆင်းကာ လွှတ်မြောက်ခကတ်သည်ဟုဆိုသည်။
မီးရထားသည့် မိုးထ ၅နာရီကျော်လောက်တွင် လောင်ကျွမ်းခခြင်းဖြစ်ပြီး မီးသတ်သမားများက မိုးထ ၇ နာရီလောက်တွင် မီးငြိမ်းသတ်နီခသည်ဟု သိရသည်။
မီးလောင်မှုဖြစ်ပွားခပြီးနောက် ကယ်ဆယ်ရီးအဖွဲ့များက ထိခိုက်ဒဏ်ရာ ရဟိလူများကို ဆီးရုံများသို့ ပို့ဆောင်ခပြီး သီဆုံးလားလူများ၏ မိသားစုဝင်များကို ရူပီး ၁၀ သိန်းစီ ထောက်ပံ့လားမည်ဟု ပြည်နယ်အစိုးရက ကြေညာခသည်။
Source – Tamil Nadu: 10 killed, 20 injured as fire breaks out on train at Madurai station
Photo PTI
