
APM၊ ဩဂတ်စ် ၂၆/ ၂၀၂၃
ရွီးကောက်ခံသမ္မတကို ဖြုတ်ချပြီး စစ်အာဏာသိမ်းထားသည့် နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ကို နိုင်ငံထဲမှ ထွက်လားရန် ဩဂတ်စ် ၂၅ ရက်နိက အမိန့်ထုတ်ပြန်လိုက်သည်။
ပြင်သစ်သံအမတ်ကြီး Sylvain Itte သည် နိုင်ဂျာစစ်အစိုးရ၏ နိုင်ငံခြားရီးဌာနနန့် တွိဆုံရန် ဖိတ်ကြားချက်ကို လျစ်လျူရှု ခသည် ဆိုသည့် စွပ်စွဲထားသည့်စာနန့် ၄၈ နာရီအတွင်း နိုင်ဂျာနိုင်ငံမှ ထွက်ခွာရန် သတိပီးထုတ်ပြန်ခခြင်းဖြစ်သည်။
ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်သည် ဩဂတ်စ် ၂၄ရက်နိက နိုင်ဂျာအာဏာသိမ်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခရာ ပြင်သစ်အစိုးရ၏ လုပ်ရပ်များသည် နိုင်ဂျာအကျိုးစီးပွားကို ဆန့်ကျင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံခြားရီးဝန်ကြီးဌာနက နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်သံအမတ်ကို နိုင်ငံထဲမှ ထွက်ခွာရန် ခိုင်းစီနိုင်သည့် အာဏာ မဟိကြောင်း၊ သံအမတ်ကြီး၏ တရားဝင်မှုသည် ရွီးကောက်ခံသမ္မတ မိုဟာမက် ဘဇိုမ်တွင်ဟိကြောင်း တုံ့ပြန်ပြောကြားခသည်။
ပြင်သစ်ကျူးကျော်သိမ်းပိုက်မှုအောက်နီခရသည့် နိုင်ဂျာသည် အာဏာမသိမ်းခင်က ပြင်သစ်၏ မိတ်ဖက်ဖြစ်ခပြီး လက်နက်ကိုင် အဖွဲ့များကိုပါ ပြင်သစ်နန့်ပူးပေါင်းကာ နှိမ်နင်းခသည်။
ယေကေလေ့ လက်ဟိ၌ နိုင်ငံတဝန်း ပြင်သစ်ဆန့်ကျင်ရီး စိတ်ဓာတ်များ ကြီးထွားလာပြီး နိုင်ဂျာ၏ ပြည်တွင်းရီး ကိစ္စရပ်များတွင် ပြင်သစ်က ဝင်ရောက်စွက်ဖက်နီသည်ဟု စွပ်စွဲမှုများ ဟိနီသည်။
နိုင်ဂျာစစ်အစိုးရသည် ဩဂတ်စ် ၂၅ ရက်နိတရက်တည်းတွင် ၎င်းရို့ ဖြုတ်ချထားသည့် သမ္မတကို ပြန်လည်အာဏာလွှဲပီးရန် စစ်ရီးအရ ခြိမ်းခြောက်မှုဟိနီသည့် အာဖရိကနိုင်ငံများအဖွဲ့ (ECOWAS) ကို ထိပ်တိုက်ရင်ဆိုင်ရန် အိမ်နီးချင်းမာလီနန့် ဘာကီနာဖာဆိုစစ်တပ်များကိုပါ နိုင်ငံတွင်းသို့ ဝင်ရောက်ကာကွယ်ခွင့်ပီးလိုက်ကြောင်း သိဟိရသည်။
Source – Niger military rulers order France ambassador to leave the country
Photo – AFP
