APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
ကိုလံဘီယာစက်ဘီးစီးသမား လိုပက်ဇ် သည် မူးယစ်ဆီးဝါး တားဆီးနှိမ်နင်းရီး စည်းမျဉ်းအား ချိုးဖောက်မှုကြောင့် ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်းခြင်းမှ ယာယီဆိုင်းငံ့ထားကြောင်း နိုင်ငံတကာ စက်ဘီးစီးအဖွဲ့ (UCI) က ဂျူလိုင် ၂၅ ရက်နိတွင် ထုတ်ပြန်သည်။
ကိုလံဘီယာအသင်းမှ လိုပက်ဇ် သည် ၂၀၂၂ ခုနှစ် Giro d’Italia ပြိုင်ပွဲမတိုင်ခင် တားမြစ်ထားသည့် မူးယစ်ဆီးဝါးအသုံး ပြုမှုနန့် လက်ဝယ်ပိုင်ဆိုင်ခြင်းများအား ချိုးဖောက်ခသည့်ဟု UCI က ဆိုသည်။
အပြည်ပြည်ဆိုင်ရာစမ်းသပ်ရီးအေဂျင်စီ (ITA) မှ ပီးဆောင်သည့်အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် ဂျူလိုင်လမှစကာ လိုပက်ဇ် ကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခကြောင်း UIC မှ ထပ်လောင်းပြောခသည်။
အသက် ၂၉ နှစ်အရွယ် လိုပက်ဇ်သည် ပြင်သစ် အမျိုးသားအဆင့် စက်ဘီးပြိုင်ပွဲ နန့် စပိန် စက်ဘီးပြိုင်ပွဲများတွင် (၂) ကြိမ် အနိုင်ရဖူးကြောင်း သိရသည်။
Source- Colombian cyclist Lopez suspended for drug violation/Reuters
Photo- Escape Collective