APM ၊ ဂျူလိုင် ၂၆ /၂၀၂၃
ဒေရက်ပိုင်းအတွင်း ရက္ခိုင်ပြည် မြို့နယ်အသီးသီးဟိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်နယ်မြီများတွင် မြန်မာစစ်တပ်က ဒရုန်းများဖြင့်ကင်းထောက်မှုများ ပြုလုပ်လာ နီကြောင်း သိရသည်။
ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးစသည့်မြို့နယ်များအပါအဝင် ရက္ခိုင်ပြည်မြို့နယ်များအသီးသီးဟိ AA ထိန်းချုပ်ရာ နယ်မြီများ၊တောင်ကုန်းတောင်တန်းများတွင် ညည့်ဖက်အပြင် နိခင်းဖက်များတွင်လေ့ ဒရုန်းများ ပျံဝဲရောက်ဟိလာနီ ကြောင်း မြီပြင် သတင်းများက ဆိုသည်။
ဂျူလိုင် ၂၅ ရက်နိ နိခင်း ၁ နာရီလောက်က မြောက်ဦးမြို့နယ်အတွင်းမှ AA ထိန်းချုပ်ရာနီရာများ၌ မြန်မာစစ်တပ်၏ ဒရုန်းများက ကင်းထောက်ပျံဝဲနီသည်ကို တွိမြင်ခရကြောင်း ဒေသခံများကပြောသည်။
အလားတူ ကုန်ခသည့်ရက်ပိုင်းကလေ့ ဘူးသီးတောင်နန့် ရသေ့တောင်မြို့နယ်အစပ် AA ထိန်းချုပ်ရာနယ်မြီများတွင် မြန်မာစစ်တပ်၏ ဒရုန်များက ပျံဝဲ ကင်းထောက်ခရာ ဒေသခံများအကြား စိုးရိမ်ထိလန့်ခကတ်ရသည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့သည် ပြီးခသည့် ၂၀၂၂ခုနှစ်၊ နိုဗမ်ဘာလမှစ၍ လူသားချင်း စာနာမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခသည်မှာ လက်ဟိအချိန်ထိဖြစ်သည်။
ကေကေလေ့ ဒေလပိုင်းအတွင်း မြန်မာစစ်တပ်စစ်ကြောင်းတချို့က AA ထိန်းချုပ်နယ်မြီများသို့ ခွင့်ပြုချက် မဟိဘဲ ဝင် ရောက်လာခြင်း၊ တပ်အားဖြည့်တင်းပြီး စစ်ရီးပြင်ဆင်မှုများကို အပြင်းအထန် လုပ်ဆောင်လာခြင်းနန့် ဒေဂု ဒရုန်းဖြင့် ကင်းထောက်မှုများကိုပါ ပြုလုပ်လာခြင်းဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/ AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက စစ်ကောင်စီအနီဖြင့် အဆိုပါလုပ်ရပ်များကို ရပ်တန်ဖို့လိုအပ်ကြောင်းနန့် မရပ်တန့်ပါက စစ်ရီးပဋိပက္ခသို့ ဦးတည်လားနိုင်ကြောင်း သတိပီးပြောကြားထားသည်။