APM၊ ဂျူလိုင် ၂၆/ ၂၀၂၃
စင်ကာပူနိုင်ငံတွင် မူးယစ်ဆီးဝါးမှုနန့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတယောက်ကို လာမည့် ဂျူလိုင် ၂၈ ရက်နိမှာ ကြိုးမိန့်ကွပ်မျက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ် ဆရီဒဝီဂျာမာနီ ဆိုသူဖြစ်ပြီး ဘိန်းဖြူ ၃၀ ဂရမ်လောက် လက်ဝယ်ထားဟိမှု နန့် အပြစ်ဟိကြောင်းတွိရသဖြင့် ၂၀၁၈ခုနှစ်တွင် သီဒဏ်(ကြိုးမိန့်) ချမှတ်ခံထားရပြီး၊ လာမည့်ဂျူလိုင် ၂၈ ရက်နိမှာ ကွပ်မျက်မည်ဖြစ်သည်။
၎င်းနန့်တတူ အသက် ၅၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား မလေးလူမျိုး မိုဒါဇက် ဘင်ဟူဇိန် ဆိုသူကိုလေ့ ဒေနိ (ဂျူလိုင် ၂၆ရက်နိ)တွင် ကြိုးမိန့်စီရင်မည်ဟု သိရသည်။
အဆိုပါအမျိုးသားမှာလေ့ ဘိန်းဖြူ ၅၀ ဂရမ် မှောင်ခိုကူးမှုဖြင့် ၂၀၁၈ ခုနှစ်က သီဒဏ်ချမှတ်ခံထားရသူဖြစ်သည်။
စင်ကာပူတွင် ၂၀၀၄ ခုနှစ်က အသက် ၃၆နှစ်အရွယ် အလှပြုပျင်သူ ယန်မေဝန်ကို မူးယစ်ဆီးဝါးမှုနန့် ကြိုးပီးကွပ်မျက်ခရာ ဒေဂု ဆရီဒဝီ ဂျာမာနီသည် နှစ်ပေါင်း ၂၀ အကြာ ပထမဆုံးကြိုးမိန့်ပီး ကွပ်မျက်ခံရမည့် အမျိုးသမီးဖြစ်လာသည်။
စင်္ကာပူသည် မူးယစ်ဆီးဝါးနန့်ပတ်သက်သည့် ဥပဒေများကို အပြင်းထန်ဆုံးပြဋ္ဌာန်းထားသည့်နိုင်ငံဖြစ်ပြီး မကြာသိမ့်ခင် နှစ်များအတွင်း မူးယစ်ဆီးဝါးမှုများကို သီဒဏ်ပီးကွပ်မျက်ခြင်းအတွက် နိုင်ငံတကာ၏ ဝေဖန်မှုကိုလေ့ ခံခရသိမ့်သည်။
စင်ကာပူအစိုးရသည် ကိုဗစ်ကာလ ၂နှစ်အတွင်း ကြိုးမိန့်ပီးကွပ်မျက်မှုကို ယာယီရပ်တန့်ထားခရာမှ ပြန်လည် ကျင့်သုံးလာ ခြင်းဖြစ်ပြီး လက်ဟိအချိန်အထိ ကြိုးမိန့်ပီးကွပ်မျက်ခံရသူ ၁၃ ယောက် ဟိကြောင်း သိဟိရသည်။
Source – Singapore to execute a woman for first time in almost 20 years
Photo – AFP