
APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
ဂရိနိုင်ငံ၊ အတ်ဗီယာကျွန်းတွင်ဖြစ်ပွားနီသည့် တောမီးလောင်မှုအတွင်း မီးငြိမ်းသတ်နီသည့် ရီဖြန်းလီယာဉ်တစင်း ဂျူလိုင် ၂၅ ရက်နိက ပျက်ကျမှုဖြစ်ပွားကာ လီယာဉ်မှူး ၂ ယောက် သီဆုံးလားကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
အတ်ဗီယာကျွန်းဟိ မလာတန်နစ္စတိုမြို့အနား တောမီးငြိမ်းသတ်နီစဉ် လီယာဉ်ပျက်ကျလားခြင်းဖြစ်ပြီး သီဆုံးသူများမှာ အသက် ၃၄ နှစ်အရွယ် လီယာဥ်ကပ္ပတိန်ဖြစ်သူ နန့် အသက် ၂၇ နှစ်အရွယ် တွဲဖက် လီယာဉ်မှူးရို့ ဖြစ်ကြောင်း ကာကွယ်ရီး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းသို့ ကူညီရီးလုပ်ငန်းတွင် လီတပ်အရာဟိများ သီဆုံးမှုအတွက် သုံးရက်ကြာဝမ်းနည်းခြင်းကာလကို ဂရိစစ်တပ်မှ ကြေညာထားသည်။
နိုင်ငံတဝန်းတွင် နီရာအနှံ့အပြား၌ ဂျူလိုင် ၂၅ ရက်နိအတွင်း အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်( ၁၀၄ ဒီဂရီဖာရင်ဟိုက်) အထက်သို့ တဟုန်ထိုးမြှင့်တက်ရာမှ တောမီးလောင်မှု အများအပြားဖြစ်ပွားနီခြင်းဖြစ်သည်။
တောမီးလောင်ကျွမ်းမှုကြောင့် ဂျူလိုင် ၂၅ ရက်နိတွင် ချိဒီစ်ကျွန်းမှ ဒေသခံ ၂၀,၀၀၀ ကျော်ကို ဖီးလွတ်ရာသို့ ဆက်တိုက် ရွှိပြောင်းပီးခရကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
Source – Two pilots dead after firefighting plane crashes in Greece/ Aljazeera
Photo – Reuters
