APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
ဘင်္ဂလားဒေချ်ဖက်က ကုန်ပစ္စည်းတင်သွင်းမှုကန့်သတ်ထား၍ ရက္ခိုင်- ဘင်္ဂလားဒေ့ချ်နယ် စပ်ကုန် သွယ်မှုပမာဏမှာ ၉၀ ရာခိုင်နှုန်းအထိကျဆင်းလားကြောင်း ကုန်သည်များထံမှ သိရသည်။
ရက္ခိုင်နယ်စပ်ကုန်သွယ်ရီးစခန်းများမှ ဘင်္ဂလားဒေ့ချ်သို့ ကြက်သွန်၊ ကွမ်းသီး၊ အုန်းသီး၊ ငရုပ်၊ ဂျင်း၊ ငါး၊ ပုစွန်၊ ကဏန်း စသည့် ကုန်ပစ္စည်းများကိုတင်ပို့နီခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ချ်ဖက်မှ ပလပ်စတစ်ပစ္စည်းများနန့် သံထည် ဆောက်လုပ်ရီး ပစ္စည်းများကို အဓိကတင်သွင်းနီခြင်းဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကြက်သွန်ဖြူနန့် ဂျင်း ရို့မှလွဲ၍တခြားကုန်ပစ္စည်းများတင်သွင်းမှုကို ဘင်္ဂလားဒေချ်ဖက်က ကန့်သတ်ထားရာ လက်ဟိတွင် ရက္ခိုင်- ဘင်္ဂလားဒေ့ချ်နယ် စပ်ကုန်သွယ်မှုပမာဏ ၉၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်း လားကြောင်း ကုန်သည်များကပြောသည်။
ယင်းသို့ ကုန်စည်ကန့်သတ်ထားခြင်းမှာတဖက်ဘင်္ဂလားဒေ့ချ်ဘဏ်များ ၏ ကုန်ပစ္စည်းအပေါ် ငွေကြေးပီးချီမှု ကန့်သတ် ထားခြင်းကြောင့်လေ့ပါ ဝင်ပြီး ဆက်လက် ကန့်သတ်ထားမည်ဆိုပါက နယ်စပ်ကုန်သွယ်မှုပမာဏသည်လေ့ ဆက်လက် ကျဆင်းနီအုံးမည်ဟုဆိုသည်။
အလားတူ စစ်တွေနန့် မောင်တောကုန်သွယ်ရီးစခန်းများတွင် ကုန်တင် ကုန်ချအလုပ်ဖြင့် အသက်မွီးဝမ်းကျောင်းပြုနီသည့် အလုပ်သမား ၅၀၀ လောက်မှာလေ့ ကုန်သွယ်မှုကျဆင်းလား၍ အလုပ်နည်းပါးကာ မိသားစု စားဝတ်နီရီး အခက်အခဲဖြစ်နီ ကတ်ရကြောင်းသိရသည်။