APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
မုန်တိုင်းအလွန် ရက္ခိုင်ပြည်မှ ပြည်ပထွက်ခွာသူ တရက်ထက်တရက် ပိုမို များပြားလာနီကြောင်း သိရသည်။
Mocha ဆိုင်ကလုန်း မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျောက်ဟိ ရက္ခိုင်ပြည်မြို့နယ်များမှ ဒေသခံပြည်သူ အများအပြား မုန်တိုင်းဒဏ်သင့်ခရသည်။
လက်ဟိ မုန်တိုင်းဒဏ်သင့်ပြည်သူ အများစုမှာ စားသောက်နီထိုင်ရီး၊ အလုပ်အကိုင်ယှားပါးမှု၊ ကုန်ဈီးနှုန်းမြင့်တက်မှုစသည့် လူမှုစီးပွားအကျပ်အတည်းကို အလူးအလဲ ခံနီကတ်ရသည်။
ယင်းသို့ လူမှုစီးပွားအကျပ်အတည်းများကြောင့် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းမှစကာ ရက္ခိုင်ပြည်မြို့နယ်များဟိ အလွှာပေါင်းစုံမှ လူအများစုမှာ အလုပ်လုပ်ကိုင်ရန် ပြည်ပသို့ ထွက်ခွာမှု တရက်ထက်တရက် ပိုမိုများပြားလာနီကြောင်း သိရသည်။
ပြည်ပသို့လားရာတွင်လေ့ တရားဝင်လမ်းကြောင်းထက် တရားမဝင် လမ်းကြောင်းများမှတဆင့် ပွဲစားများနန့် လားရောက် သည်က ပိုများနီကာ အဓိကအားဖြင့် မလေးသျှား၊ ထိုင်းနန့် တရုတ်သို့ လားရောက် အလုပ်လုပ်ကိုင်နီကတ်ပြီး ဖမ်းဆီး ခံရသည်များလေ့ ဟိသည်။
ရက္ခိုင်တွင်မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန် တိုင်းကြောင့် အိုးအိမ်အမြောက်အမြားပျက်စီးကာ ဒေသခံ ပြည်သူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ခရပြီး၊ ယင်းမုန်တိုင်းဒဏ်သင့်ပြည်သူအများစုသည်လက်ဟိအချိန်ထိ ပြန်လည်ထူထောင်ရီး အခက်ကြုံနီကတ်ရသိမ့်ကြောင်း သိဟိရသည်။