
APM ၊ ဂျူလိုင် ၂၆ /၂၀၂၃
ရက္ခိုင်တွင် ဒေနှစ် မိုးစပါးစိုက်ပျိုးချိန်၌ မိုးနည်း၍ လယ်သမားများစိုက်ပျိုးထားသော ပျိုးစပါးများ ထိခိုက်ပျက်စီးလာနီ ကြောင်း သိရသည်။
မင်းပြား၊ကျောက်တော်၊ ပုဏ္ဏားကျွန်းနန့် ရသေ့တောင်မြို့နယ်များတွင် မိုးရွာသွန်းမှုနည်းကာ အပူချိန်ပြင်းထန်း၍ စိုက်ပျိုး ထားသည့် လယ်ယာမြီများ ခြောက်ကပ် အက်ကွဲပြီး စိုက်ပျိုးစ ပျိုးပင်များအားလုံး ဝါလာသည့်အပြင် တချို့မှာ ပျိုးပင် များသီလားသည်ဟု လယ်သမားများက ပြောသည်။
ပျိုးပင်များပျက်စီးလားသည့်မြီနီရာများတွင် စပါးဖြစ်လိုဖြစ်ငြား မျိုးစပါးပြန်ကြဲရန်လေ့ မြီများ ခြောက်ကပ်အက်ကွဲနီ၍ အခက်ကြုံနီကတ်ရသည်ဟုဆိုသည်။
ရက္ခိုင်တွင် စိုက်ပျိုးမြီဧကပေါင်း ၁၂ သိန်းကျော်ဟိပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလေ့ ဧက ၉ သိန်းလောက်ရာ စိုက်ပျိုးနိုင်ခ ကာ စပါးအထွက်နှုန်းလေ့ ကျဆင်းခရသည်။
ဒေနှစ်မှာလေ့ မုန်တိုင်းကြောင့် မျိုးစပါးများနန့်စိုက်ပျိုးမြီဧကများ ပျက်စီးခရသည့်အပြင် မိုးနည်းကာ စိုက်ပျိုးထားသည့် ပျိုးစပါးများလေ့ ထပ်မံပျက်စီးဆုံးယှုံးလား၍ စပါးအထွက်နှုန်း ထပ်မံလျှော့ကျနိုင်ကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်နီသူများက သုံးသပ်ကတ်သည်။


