APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
အီတလီနိုင်ငံတောင်ပိုင်းဒေသများတွင် တောမီးလောင်မှုများဖြစ်ပွားနီစဉ်တချိန်တည်းမှာ မြောက်ပိုင်းဒေသများ၌ ပြင်းထန် သည့် မုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားမှုများကြောင့် ဂျူလိုင် ၂၅ ရက်နိအထိ လူ ၇ ယောက်သီဆုံးခကြောင်း သိရသည်။
ဂျူလိုင် ၂၄ရက်နိတွင်စတင်သည့် တောမီးလောင်မှုများကြောင့် စစ္စလီကျွန်းတောင်ပိုင်းနန့် ရက်ဂျီယို ကာလာဘရီယာပြည် နယ်တွင် အသက် ၇၅ နှစ်မှ ၈၈ နှစ်ကြား သက်ကြီးရွယ်အို ၃ ယောက် မီးလောင်သီဆုံးခကြောင်း အာဏာပိုင်များက ပြောသည်။
နိုင်ငံတဝန်း၌ တောမီးလောင်မှု ၅၅ ခုထက် မနည်းဖြစ်ပွားနီပြီး မီးသတ် သမားရာနန့်ချီ၍ မီးငြှိမ်းသတ်နီရကြောင်း အီတလီ သတင်းဌာန ANSA က ဖော်ပြသည်။
ပါလာမိုမြို့တွင် တောမီးလောင်မှုများကြောင့် အပူချိန်မြှင့်တက်လာ၍ လူအမြောက်အမြား ဖျားနာကတ်သဖြင့် ပါလာမိုမြို့ ဆာဗဲလိုဆီးရုံမှ ရာနန့်ချီသည့်လူနာများကို ဖီးလွှတ်ရာသို့ ရွှိပြောင်းပီးခရကာ စစ္စလီမြို့ လီဆိပ်များကိုလေ့ ပိတ်ထားခရ သည်။
အလားတူ ဗီယာစတယ်မြို့တွင် ဂျူလိုင် ၂၅ရက်နိက တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၂၀၀၀ကျော်ကို ဖီးလွတ်ရာသို့ ရွှိပြောင်း ပီးခကာ ကားလမ်းတချို့ကို ပိတ်ထားရသည်ဟု စပိန်မီးသတ်တပ်ဖွဲ့က ပြောသည်။
တချိန်တည်းတွင် မြောက်ပိုင်းဒေသများတွင်လေ့ ဂျူလိုင် ၂၄ ရက်နိမှစ၍ မုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားနီရာ သစ်ပင်ပိ၍ ဘရပ် ဆီယာမြို့တွင် အသက် ၁၉နှစ်အရွယ်အမျိုးသမီး ၁ယောက်၊ မွန်ဇာမြို့တွင် အသက် ၅၈နှစ်အရွယ် အမျိုးသမီး ၁ယောက်နန့် ဘရပ်စ်မြို့တွင် အသက် ၁၉နှစ်အရွယ် စုံတွဲတတွဲ သီဆုံးခသည်ဟု ဆိုသည်။
အီတလီတွင် ပြီးခသည့် နှစ်ပတ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် လာဇီယိုဒေသတွင် အနည်းဆုံး လူ ၆ယောက် သီဆုံးခကြောင်း သိဟိရသည်။
Source – Storms and wildfires kill seven in Italy as extreme weather continues/ The Guardian
Photo – AFP