APM ၊ ဂျူလိုင် ၂၆ / ၂၀၂၃
ရက္ခိုင့်တပ်တော် AAနန့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)နန့် စွဲချက်တင် ခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရီးမှူးနှစ်ယောက်အမှုကို ဂျူလိုင် ၂၅ ရက်နိက ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆီးခကြောင်းသိရသည်။
အဆိုပါ အုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦး ဦးကျော်လှနန့် မီးကျောင်းဈီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့ဖြစ်သည်။
၎င်းရို့ကို ဂျူလိုင် ၂၅ ရက်နိ၊ နိခင်းက ဘူးသီးတောင်မြို့နယ်တရားရုံး၌ရုံးထုတ်ပြီး လိုပြသက်သီများကို စစ်ဆီးခကာ လာမည့် ဩဂတ်စ် ၈ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်။
ပြီးခသည့် ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီ စိုက် မြန်မာစစ်တပ်ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင်မြို့နယ်ဟိအုပ်ချုပ်ရီးမှူး ၁၂ယောက်အားတွိဆုံရန်ခေါ်ယူခပြီး၊ ယင်းအထဲမှ ဦးဦးကျော်လှနန့် ဦးဟာမတ်တူဆောင်းရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲဖမ်းထားလိုက်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဘူးသီးတောင်အခြီစိုက် စရဖတပ်မှ ဗိုလ်ကြီး နေမင်းဦး တရားလိုလုပ်၍ ပုဒ်မ ၁၇(၁) (၂)နန့် တရားစွဲထားခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထား ကြောင်း သိဟိရသည်။