APM၊ ဂျုန် ၂၆/၂၀၂၂
ဂျုန် ၂၃၊ ၂၄ နှစ်ရက်အတွင်း စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများစာရင်းကို ရက္ခိုင့်တပ်တော်(AA) က ဂျုန် ၂၅ ရက်နိတွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် ဂျုန် ၂၃ ရက်နိနန့် ၂၄ ရက်နိနှစ်ရက်အတွင်း စစ်တွေမြို့ပေါ်ရပ်ကွက်များနန့်မြို့နားဝန်းကျင်မှဒေသခံ အပြစ်မဲ့ပြည်သူ ၂၁ ယောက်ကို စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး ယင်းအထဲတွင် အသက် (၁၈) နှစ်မပြည့်သိမ့်သူ လူငယ် (၃) ယောက်ပါဝင်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူများမှာ စစ်တွေမြို့၊ ဓညဝတီ (က) ရပ်ကွက်မှ ၁ ယောက်၊ ဆင်ကူးလမ်းအကွက်(၃)မှ ၁ ယောက်၊ မင်းဂံ အကွက် (၁၀)မှ ၃ ယောက်၊ မင်းဂံအကွက်(၉) မှ ၁ ယောက်၊ မင်းဂံစ-လုံးရပ်ကွက်မှ ၁ ယောက်၊ ကျေးပင်တန်းရပ်ကွက်မှ ၁ ယောက်၊ စစ်တွေ မြို့နယ် ဗျိုင်းဖြူရွာမှ ၃ ယောက်၊ လက်မချေရွာမှ ၄ ယောက်၊ ကြွီတဲရွာမှ ၂ ယောက်၊ သက်ကယ်ပြင်ရွာမှ ၁ ယောက်၊ ပေါက်တောမြို့နယ် သင်ပုန်းချောင်းရွာမှ ၁ ယောက်၊မြောက်ဦးမြို့နယ် ဆင်ခြံရွာမှ ၁ ယောက်နန့် မင်းပြားမြို့နယ် မှ ၁ ယောက် စုစုပေါင်း ၂၁ ယောက်ဖြစ်ပြီး တခြားဖမ်းဆီးခံထားရသူများလေ့ဟိနိုင်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ယင်းအပြင် တခြားမြို့နယ်များတွင်လေ့ စစ်ကောင်စီတပ်မှ အပြစ်မဲ့အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးလျက်ဟိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(Zawgyi)
စစ္ေတြတြင္ ဂ်ဳန္ ၂၃၊ ၂၄ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္မွ ဖမ္းဆီးထားသူမ်ားစာရင္း AA ထုတ္ျပန္
APM၊ ဂ်ဳန္ ၂၆/၂၀၂၂
ဂ်ဳန္ ၂၃၊ ၂၄ ႏွစ္ရက္အတြင္း စစ္ေတြၿမိဳ႕နယ္မွ စစ္ေကာင္စီတပ္က ဖမ္းဆီးထားသူမ်ားစာရင္းကို ရကၡိဳင့္တပ္ေတာ္(AA) က ဂ်ဳန္ ၂၅ ရက္နိတြင္ ထုတ္ျပန္လိုက္သည္။
ယင္းထုတ္ျပန္ခ်က္တြင္ ဂ်ဳန္ ၂၃ ရက္နိနန႔္ ၂၄ ရက္နိ ႏွစ္ရက္အတြင္း စစ္ေတြၿမိဳ႕ေပၚရပ္ကြက္မ်ားနန႔္ ၿမိဳ႕နားဝန္းက်င္မွ ေဒသခံ အျပစ္မဲ့ျပည္သူ ၂၁ ေယာက္ကို စစ္ေကာင္စီတပ္က ဖမ္းဆီးထားၿပီး ယင္းအထဲတြင္ အသက္ (၁၈) ႏွစ္ မျပည့္သိမ့္သူ လူငယ္ (၃) ေယာက္ပါဝင္ေၾကာင္း ေဖာ္ျပထားသည္။
ဖမ္းဆီးခံထားရသူမ်ားမွာ စစ္ေတြၿမိဳ႕၊ ဓညဝတီ (က) ရပ္ကြက္မွ ၁ ေယာက္၊ ဆင္ကူးလမ္းအကြက္(၃)မွ ၁ ေယာက္၊ မင္းဂံ အကြက္ (၁၀)မွ ၃ ေယာက္၊ မင္းဂံအကြက္(၉) မွ ၁ ေယာက္၊ မင္းဂံစ-လုံးရပ္ကြက္မွ ၁ ေယာက္၊ ေက်းပင္တန္းရပ္ကြက္မွ ၁ ေယာက္၊ စစ္ေတြ ၿမိဳ႕နယ္ ဗ်ိဳင္းျဖဴ႐ြာမွ ၃ ေယာက္၊ လက္မေခ်႐ြာမွ ၄ ေယာက္၊ ႄကြီတဲ႐ြာမွ ၂ ေယာက္၊ သက္ကယ္ျပင္႐ြာမွ ၁ ေယာက္၊ ေပါက္ေတာ ၿမိဳ႕နယ္ သင္ပုန္းေခ်ာင္း႐ြာမွ ၁ ေယာက္၊ ေျမာက္ဦးၿမိဳ႕နယ္ ဆင္ၿခံ႐ြာမွ ၁ ေယာက္နန႔္ မင္းျပားၿမိဳ႕နယ္မွ ၁ ေယာက္ စုစုေပါင္း ၂၁ ေယာက္ျဖစ္ၿပီး တျခားဖမ္းဆီးခံထားရသူမ်ားေလ့ ဟိႏိုင္သည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းအျပင္ တျခားၿမိဳ႕နယ္မ်ားတြင္ေလ့ စစ္ေကာင္စီတပ္မွ အျပစ္မဲ့အရပ္သားျပည္သူမ်ားကို လိုက္လံဖမ္းဆီးလ်က္ဟိေၾကာင္း AA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
