APM ၊ ဂျုန် ၂၆/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီဖမ်းထားသည့် အပြစ်မဲ့ပြည်သူအချို့စာရင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဂျုန် ၂၆ ရက် (ဒေနိ) ရက်စွဲနန့် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီက ဖမ်းထားသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၈)ယောက်အနက် (၁)ယောက်မှာ အသက်မပြည့်သိမ့်သူ ကျောင်းသား လူငယ် တယောက် ပါဝင်နီသည်ကို တွိဟိရသည်။
ULA/AA ထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီဖမ်းထားသည့် အပြစ်မဲ့ပြည်သူများမှာ- ပုဏ္ဏား ကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်း (၄၀နှစ်)၊ ဦးဦးဘလှိုင်(၄၀နှစ်)နန့် ကိုမျိုးသွင်(၂၈နှစ်)၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း (၆၁နှစ်)၊ ရွာသာယာမှ ဦးထွန်းလှိုင် (ခ)ပရဟိတ(၅၅နှစ်)၊ပုဏ္ဏားကျွန်းမြို့နယ်၊ပေါက်တောပြင်ရွာမှ ကိုနိုင်မျိုးထွန်း(၁၈နှစ်)နန့် မောင်မင်းအောင်ခိုင်(၁၇နှစ်)၊ပုဏ္ဏားကျွန်းမြို့နယ်၊မင်းဂံ ရွာမှ ကိုမြတ်သူထွန်း (၂၉နှစ်)ရို့ဖြစ် ကတ်သည်။
ကုန်ခသည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်း လူဖမ်းပွဲကြီးကျင်းပခရာ ရက္ခိုင်တပြည်လုံးမှ အပြစ်မဲ့ပြည်သူ တရာခန့်ကို ဖမ်းဆီးခပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးခံရသူများမှာလေ့ ထပ်ဟိနိုင် သိမ့်ကြောင်း သိဟိရသည်။
(Zawgyi)
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီ ဖမ်းထားသည့် အပြစ်မဲ့ပြည်သူအချို့စာရင်းကို ULA/AA ထုတ်ပြန်
APM ၊ ဂျုန် ၂၆/၂၀၂၂
