APM၊ ဂျုန် ၂၆/၂၀၂၂
ရသေ့တောင်မြို့နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ခေါ်ယူစီစစ်နီသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၁ ယောက်နန့် အရပ်သား ၁ ယောက်ကို ကောင်းမွန်စွာ ပြန်လွှတ်ပီးလိုက်ပြီးဖြစ်ကြောင်း ULA/AA က ဒေနိ ဂျုန် ၂၆ ရက်နိမှာ သတင်းထုတ်ပြန်သည်။
ခေါ်ယူမိန်းမြန်းစီစစ်ခံရသူများမှာ စစ်ကောင်စီ၏ ရက္ခိုင်ပြည်ဆိုင်ရာ စက်မှုကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာဟိ SAE ဦးဆန်းလင်းအောင် (၄၅နှစ်) နန့်ရသေ့တောင်မြို့မှ ကျူသျှင်ဆရာ ဦးဇော်ဟိန်းထွန်း(၃၈နှစ်)ရို့ဖြစ်ကတ်ပြီး၊ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် မိန်းမြန်းရန် သူရို့ကို ဂျုန် ၂၄ ရက်နိမှာ ခေါ်ယူလားခသည်။
ယင်းနောက် မိန်းမြန်းစီစစ်ရာ၌ ဦးဆန်းလင်းအောင်နန့် ဦးဇော်ဟိန်းထွန်းရို့တွင် စစ်ဖက်ဆိုင်ရာနန့် ပတ်သက်မှု မဟိသည့် အတွက် ဒေနိ ဂျုန် ၂၆ ရက်နိ ညဇာ ၃ နာရီအချိန် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ “ငလပြား” ကူးတို့ဆိပ်ကမ်းသို့ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပီးခပြီးဖြစ်ကြောင်း ULA/AA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရီးကဒ်ပြားပါ နီရပ်လိပ်စာ၌ “အမတ(အမြောက်တပ်)” ဟု ဖော်ပြထားဟိပြီး၊ သူ့ဖခင် ၏ညီဖြစ်သူမှာ စစ်တွေအခြီစိုက်စစ်ကောင်စီတပ် အမတ(၃၇၃) အမြောက်တပ်တွင် တာဝန်ထမ်းဆောင်သူဖြစ်ကာ ရက္ခိုင်ဘာသာစကားလေ့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သည့်အတွက် မသင်္ကာ၍ မိန်းမြန်းစီစစ်ရန် ခေါ်ယူခသည်ဟု ULA/AA က ဆိုထားသည်။
ဦးဆန်းလင်းအောင်မှာ ရသေ့တောင်မြို့နယ်၌ ယာယီတာဝန်ကျနီသူဖြစ်ပြီး စက်ရုံလုပ်ငန်းလိုင်စင်များကို စစ်ဆီးရန်နန့်သက်တမ်းတိုးမြှင့်ရန်အတွက် ရသေ့တောင်သို့ ရောက်လာသည်ဟုလေ့ သိဟိရသည်။
(Zawgyi)
ရသေ့တောင်တွင် ULA/AA က ခေါ်ယူစီစစ်နီသည့် ဌာနဆိုင်ရာဝန်ထမ်း ၁ ယောက်နန့် အရပ်သား ၁ ယောက်ကို ကောင်းမွန်စွာ ပြန်လွှတ်ပီးလိုက်
APM၊ ဂျုန် ၂၆/၂၀၂၂