
APM ၊ မေ ၂၆/၂၀၂၄
မေ ၂၄ ရက်နိ၊ ညည့်က စစ်တွေမြို့ကနီ ရွာတိသို့ စစ်ဖီးယှောင်ဖို့လားရေ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလားရေလို့သိရပါရေ။
ဖမ်းဆီးခံရလူတိစွာ စစ်တွေမြို့နယ်၊ ကြွီတဲရွာက ဦးမောင်သန်းလှ(၃၃နှစ်)၊ ဒေါ်စိုးစိုး(၃၆နှစ်)၊ ကျောက်တန်းကြီးရွာက ဒေါ်မမခင်(၄၃နှစ်)နန့် ပိုက်ဆိပ်က ဦးမောင်မြဝင်း (၄၅နှစ်)ရို့ဖြစ်ပါရေ။
“မေ ၂၄ ရက်နိ၊ညည့် ၁၁ နာရီလောက်က ဦးမောင်သန်းလှ၊ ဒေါ်စိုစိုး၊ ဒေါ်မမခင် နန့် ဦးမောင်မြဝင်း ရို့စွာ စစ်တွေမြို့ကနီ ရွာတိသို့ စစ်ဖီးယှောင်ဖို့လားရေခါ ပါဒလိပ်ရွာအနားအရောက်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက သီနတ်နန့်လှမ်းပစ်ပနာ ဖမ်းယူလားခရေ”လို့ ဒေသခံတိက ဆိုပါရေ။
အဆိုပါဒေသခံ ၄ ယောက်ကို စစ်ကောင်စီစွာ ဇာနီရာသို့ ဖမ်းခေါ်လားစွာကို မသိရဘဲ လက်ဟိအချိန်အထိ မိသားစုဝင်တိနန့်အဆက်အသွယ်မရသိမ့်ကြောင်း သိရပါရေ။
