APM ၊ မေ ၂၆ / ၂၀၂၃
မုန်တိုင်းဝင်ရောက်ပြီးနောက် သောက်သုံးရီကန်များ ပင်လယ်ရီဝင်ရောက်ခရာမှ သောက်သုံးရီမသန့်ယှင်းမှုကြောင့် ရက္ခိုင် ပြည်ဟိမုန်တိုင်းဒဏ် သင့်မြို့နယ်တချို့တွင် အရီပြားရောဂါနန့် ဝမ်းရောဂါ ဖြစ်ပွားမှုများလာနီကြောင်း သိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နန့် ပုဏ္ဏားကျွန်း အပါအဝင် မုန်တိုင်းဒဏ်သင့်မြို့နယ်အများစုတွင် သောက်သုံးရီကန်များ ပင်လယ်ရီဝင်ရောက်လားခရသည်။
မုန်တိုင်းဒဏ်သင့်ဒေသခံများမှာ သောက်သုံးရီယှားပါးသည့် ပြဿနားများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နီကတ်ရပြီး မသန့် ယှင်း သည့်ရီကို သောက်သုံးနီကတ်ရ၍ လက်ဟိ အချေများနန့် သက်ကြီးရွယ်အိုအများစုမှာ ရီယုန်ရောဂါအပါအဝင် အရီပြား ရောဂါနန့် ဝမ်းရောဂါဖြစ် ပွားမှုများလာနီကြောင်း ဒေသခံများကပြောသည်။
ယင်းရောဂါများမှာ တယောက်မှတယောက်သို့ ကူးစပ်ပြန်ပွားပြီး တစတစများပြားလာကာ စိုးရိမ်စရာ ဖြစ်လာနီ၍ ကျမ်းမာရီး စောင့်ယှောက်မှုများလိုအပ်နီသည့်အပြင် သန့်ယှင်းသည့်သောက်သုံးရီဟိရန်လေ့ အရေးတကြီးလိုအပ်နီ သည်ဟုဆိုသည်။
မေ ၁၄ ရက်နိတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ အပါအဝင် ရက္ခိုင်ပြည်မြိုနယ် အများ စု၌ နီအိမ်များ၊ စာသင်ကျောင်းများ၊ ဆီးရုံ၊ ဆီးခန်းများအပါအဝင် အဆောက်အအုံ အများအပြားမှာ ပျက်စီးခရကာ မုန်တိုင်း ဒဏ်သင့် ရက္ခိုင်ပြည်သူများမှာလေ့ နီထိုင်စားသောက်ရီး၊ ကျန်းမာရီး အပါအဝင် အစစအရာရာအခက်အခဲများနန့် ရင်ဆိုင် နီကတ်ရ ကြောင်း သိဟိရသည်။