APM ၊ မေ ၂၆ / ၂၀၂၃
ဖျက်အားပြင်း ဆိုင်ကလုန်းMocha မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ပြိုကျပျက်စီးလားသည့် နီရာများတွင် ယှင်းလင်းဖယ် ယှားရာ၌ မြီမြှုပ်မိုင်းအန္တရာယ်ကို အထူးသတိ ထားကတ်ရန် UNICEF Myanmar က သတိပီးတိုက်တွန်းထားသည်။
UNICEF Myanmar ၏ ၂၀၂၃ ခုနှစ်အတွင်း မြီမြှုပ်မိုင်းပေါက်ကွဲမူ စစ်တမ်းအရ Mocha ဝင်ရောက်တိုက်ခတ်ခသည့် ဒေ သများတွင် ဖြစ်ပွားမူအများဆုံးဟိခသည်ဟု ဖော်ပြသည်။
Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိုးကြီးရီလျှံမှုနန့် မြီပြိုမူများဖြစ်ပွားကာ မပေါက်ကွဲဘဲကျန်နီသည့် စစ်ကျန်လက်နက် ပစ္စည်းများသည် ပုံမှန်အနီအထားမှ အခြားနီရာများသို့ ရွိလားနိုင်သည့်အတွက် အပျက်အစီး အမှိုက်သ ရိုက်များကို ယှင်း လင်းဖယ်ယှားရာ၌ မသင်္ကာဖွယ်ပစ္စည်းများတွိရပါက သက်ဆိုင်ရာသို့ သတင်းပို့အကြောင်းကြား ကတ်ရန် UNICEF Myanmar က ဆိုသည်။
အလားတူ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီးမေ၁၈ရက်နိကလေ့ Explosive Ordnance Risk Education in Myanmar က “ဆိုင်ကလုန်းမုန်တိုင်း Mocha အပြီး အန္တ ရာယ်ကင်းစွာ ယှင်းလင်းရီး”ဆိုသည့် ခေါင်းစဉ်နန့် မြီမြှုပ်မိုင်း အန္တရာယ် ကို သတိထားကတ်ရန်တိုက်တွန်းထားသိမ့်သည်။