APM ၊ မေ ၂၆ / ၂၀၂၃
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများမှာ ဒေနှစ်မိုးရာသီအတွင်း လယ်ယာလုပ်ငန်း လုပ်ကိုင် ရန် အခက်တွိနီကတ်ရကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်စဉ် ရက္ခိုင်ပြည်မြို့နယ်အများစု၌ တောင်သူလယ်သမားများ သိုလှောင်သိမ်းဆည်းထားသော စပါးကျီ ခေါင်မိုးများ ပွင့်ထွက်လားပြီး မျိုးစပါးနန့် ရိက္ခာစပါးများအားလုံးနီပါးပျက်စီးလားရသည်။
အလားတူ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွား အများအပြားသီဆုံးခရပြီး ကြိုတင်ဝယ်ထားယူသည့် ဓာတ်မြီဩဇာများအားလုံး ပျက်စီးလားခရသည့်အပြင် နောက်ထပ် ဝယ်ယူရန်လေ့ လယ်ယာသုံးပစ္စည်းများ အဆမတန် ဈီးနှုန်းမြင့်တက်နီ၍ ဒေနှစ် လယ်ယာလုပ်ကိုင်ရန် အခက်အခဲအကျပ်အတည်းများနန့် ရင်ဆိုင်နီကတ်ရကြောင်း တောင်သူလယ်သမားများက ပြောကတ်သည်။
“မျိုးစပါးက မုန်တိုင်းတိုက်ပြီးလို့ နီထပ်ပူပလိုက်လောက်ကပင် အညှောက်ထွက်လားကတ်ပါယာ။ ဝမ်းစာထားရေ စပါးတိလေ့ အောက်လားလို့ စားဖို့တောင် ကောင်းအဆင်မပြေချင်ယာ။ ယင်းကြားထဲ လယ်ယာသုံးပစ္စည်းတိလေ့ ဈီး “တဝ” တက်နီရေဆိုခါ ဒေနှစ်လယ်လုပ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါရာ” ဟု ကျောက်တော်မြို့နယ်က လယ်သမား တဦးက ပြောသည်။
ရက္ခိုင်ပြည်ဟိ ဒေသခံအများစုမှာ လယ်ယာစိုက်ပျိုးရီးလုပ်ငန်းကို အဓိကလုပ်ကိုင်နီကတ်သူများဖြစ်ပြီး မိုးစပါးရာ မစိုက် ပျိုးနိုင်ပါက တောင်သူလယ်သမားများ၏ စားဝတ်နေရီအပြင် ပြည်တွင်း ဆန်ရိက္ခာကျပ်တည်းမှုများနန့်လေ့ ကြုံတွိလာရနိုင် ကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်နီသူများက သုံးသပ်ပြောဆိုသည်။
ရက္ခိုင်တွင် လယ်ယာစိုက်ပျိုးမြီဧကပေါင်း ၁၂ သိန်းကျော်ဟိပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် မိုးရာသီကလေ့ လယ်ယာစိုက်ပျိုး ရီးသုံးပစ္စည်းများ ဈီးနှုန်းမြင့်တက်ကာ သွင်းအားစုစရိတ်ကြီးခြင်းကြောင့် စိုက်ဧက ၉ သိန်းလောက်ကိုရာ ထွန်ယက် စိုက်ပျိုးနိုင်ခကာ စပါးအထွက်နှုန်းမှာလေ့ ၅၀ ရာခိုင်နှုန်းလောက်ကျဆင်းလားခရကြောင်း သိရသည်။