
APM ၊ ဧပြီ ၂၆ / ၂၀၂၃
မြန်မာပြည်တွင် အကြမ်းဖက်မှုများပြားလာနီ၍ Track 1.5 ဆွေးနွေးပွဲကို အိန္ဒိယကောင်စီ (ICWA) ၏ ပံ့ပိုးမှုဖြင့်ဧပြီ ၂၅ ရက်နိက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပ ခသည်။
အစည်းအဝေး၌ “မြန်မာပြည်၏လက်ဟိအခြေအနေများကိုခြုံငုံမိစီရီး၊ အကြမ်းဖက်မှုလျှော့ချရီး၊နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများနှိမ်နင်းရီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရီးနန့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပီးရီး” ရို့ကို ဆွေးနွေးခကတ်သည်။
မြန်မာပြည်သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပီးအပ်ရာ၌“အဟုန်မြှင့်တင်ရန်” လိုအပ် နီကြောင်း အာဆီယံဥက္ကဋ္ဌအင်ဒိုနီးသျှား အပါအဝင် နိုင်ငံ များက သဘောတူခသည်။
အထူးသဖြင့်အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ် ကောင်စီက ထိရောက်စွာ အကောင်အထည်ဖော်ဖို့ နည်းလမ်း များ ဆွေးနွေးခကတ်သည်။
ယင်းအပြင် ဒေသတွင်းနိုင်ငံများမှ အာဆီယံ၏ကြိုးပမ်းချက်များကို ဆက်လက်ထောက်ခံပီး ရန်လိုအပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကိုနှိမ်နင်းနိုင်ရန် မြန်မာ အပါ အဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လိုအပ်နီ သည်ဟု အစည်းအဝေးက သဘောတူခသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက “တွိဆုံဆွေးနွေးအဖြေရှာရီးလမ်းကြောင်း”ကိုအပြိုင်ထားဖို့ သဘောတူခကတ်သည်။
ဒေဂုဆွေးနွေးပွဲသို့ နိုင်ငံအသီးသီးမှ ပြင်ပအကြံပီးအဖွဲ့များ၊ ပညာသျှင်များ တက်ရောက်ခပြီး မြန်မာပြည်၌ ဘက်ပေါင်းစုံ အကြမ်းဖက်မှုများကိုလျှော့ချရန်နန့် တွိဆုံဆွေးနွေးရီး လုပ်ကတ်ရန် တောင်းဆိုခကတ်သည်။
အစည်းအဝေးတွင် မြန်မာဖက်က စစ်ကောင်စီ၏ အရပ် ဖက်အရာဟိများရာ တက်ရောက်ပြီး အိန္ဒိယ ဖက်ကတော့ နိုင်ငံခြားရီးဝန်ကြီးဌာနဆိုင်ရာ မြန်မာဌာနခွဲနန့်မြန်မာ့အရေး ကျွမ်းကျင်သူများ တက်ရောက်သည်။
မြန်မာ့နိုင်ငံရီးပဋိပက္ခကြောင့် အန္ဒိယသည် နိုင်ငံ၏ အရှိမြောက်ပိုင်း မဏိပူရ၊ မီဂါလေနန့်မီဇိုရမ်ပြည်နယ်များ၌ လုံခြုံရီး ဆိုင်ရာခြိမ်းခြောက်မှုများနန့် ရင်ဆိုင်နီရကေလေ့စစ်ကောင်စီနန့် နှစ်နိုင်ငံအကြားဆက်ဆံရီးကို ဆက်လက် ထိန်းသိမ်းထား မည်ဟု ဆိုသည်။
အိန္ဒိယသည်မြန်မာဖက်ကတော်လှန်ရီးလက်နက်ကိုင်များ အန္ဒိယပိုင်နက်ထဲသို့ဝင်မလာအောင် အဟုန်မြှင့် ကာ ကွယ်မည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာကတော့ “မြန်မာပြည်နယ်စပ်ဒေသတိမှာ တိုက်ပွဲတိဖြစ်ရေခါ စစ်ရီး ပဋိပက္ခကို ယှောင်ယှားဖို့အတွက် အိန္ဒိယဖက်အခြမ်းကို မြန်မာပြည်သူတိ ရောက်လာကတ်ပါရေ။ ယေကေလေ့ ဒေဖက်ခြမ်းသို့ ဝင်လာကေ လက်နက်ကိုင်မဟုတ်ကေ ခွင့်ပြုရေ။ အိန္ဒိယပိုင်နက်ထဲကို ဇာလက် နက်ကိုင်မှ မဝင်ရ” ဟု ပြောသည်။
၂၀၁၉ ခုနှစ်မှာ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ လားရောက်ခပြီး ကာကွယ်ရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရီး နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား လက်မှတ်ရွီးထိုးခကြောင်းသိရသည်။
Source – India Hosts Track 1.5 Dialogue On Myanmar, Countries Call For Cessation Of Violence, Delivery Of Aid
Photo – PMO
