APM ၊ ဧပြီ ၂၆ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ရို့ နန့်တရားစွဲ ခံထားရသည့်ကျောက်တော်မြို့နယ်က ဆန်စက်ပိုင်သျှင်အမှုကို ဒေနိ (ဧပြီ ၂၆ ရက်နိ)တွင် ရုံးချိန်းထား ရာမှ တရားလို မအားဟုဆိုကာ ရုံးမထုတ်ခဘဲ လာမည့် ဧပြီ ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်းသိရသည်။
ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရ သည့်အဆိုပါ ဆန်စက်ပိုင်သျှင်မှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) ဖြစ်သည်။
အမှုကို ကုန်ခသည့် ဧပြီ ၁၉ ရက်နိရုံး ချိန်း၌ တရားလိုမရောက်၍ ဒေနိသို့ရုံးချိန်းရွှိထားရာမှ ဒေနိမှာလေ့ တရားလို မအားဟုဆိုကာ ရုံးမထုတ်ခဘဲ လာမည့် ဧပြီ ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
ဦးလှမောင်သန်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်း ထားလိုက်ခြင်း ဖြစ်သည်။
ယင်းနောက် သူ့ကို ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုကာ ရုံးထုတ်စစ်ဆီးနီစဥ်အတွင်းမှာပင် ပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုး တရား စွဲဆိုခသည်။
လက်ဟိတွင် ဦးလှမောင်သန်းကို စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းချုပ်နှောင် ထားပြီး ယင်းသို့ အကြောင်းအမျိုး မျိုးပြကာ ရုံးချိန်းများရွှိနီ၍ နစ်နာမှုများ ဟိနီကြောင်း သိရသည်။