
APM ၊ ဧပြီ ၂၆ / ၂၀၂၃
ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း တလျှောက် ကုန်စည်သယ်ယူခွင့်ကို လက်ဟိအချိန်ထိ မြန်မာစစ်တပ်မှ ဆက်ပိတ်ထားဆဲဖြစ် ကြောင်း သိဟိရသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၁၆ ရက်နိမှစ၍ မြန်မာစစ်တပ်က သာစည်၊ လက်ဝဲစာတိုက်၊ ဖက်ကျစသည့် နီရာ များ၌ စစ်ဆီးရီးဂိတ်များဖွင့်ကာ တင်းတင်းကျပ်ကျပ် ပိတ်ဆိုထားခသည်။
လက်ဟိတွင် ယင်းလမ်းတလျှောက်နီထိုင်ကတ်သည့် ဒေသခံရွာသားများကို သုံးဘီး၊ ဆိုင်ကယ်များဖြင့် လားလာ ခွင့်ပြုထားကေလေ့ ခရီးသည်တင်ကား များနန့် ကုန်စည်သယ်ယူခွင့်ကိုတော့ ဆက်လက်ပိတ်ဆို့ ထားဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယင်းလမ်းသည် ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ၌ အဓိက အားကိုး မှိခိုနီကတ်ရသည့် ကုန်းလမ်းဖြစ်၍ အဂုပိုင် မြန်မာစစ်တပ်က ကုန်စဉ်သယ်ယူ ခွင့်ပိတ်ထားခြင်းကြောင့် ကုန်စည်ပို့ဆောင်ရီးမှာ အခက်အခဲဖြစ်နီကတ် ရသည်။
အလားတူ လမ်းပိတ်ထား၍ အဆိုပါလမ်း၌ ဗြီးဆွဲနီကတ်သည့် ကားသမားများ မှာလေ့ ကားများရပ်နားထားရကာ စားဝတ် နီရီး အခက်ကြုံနီကတ်ရသည်။
ပြီးခသည့် နိုဗမ်ဘာ ၂၆ ရက်နိ၌ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ အကြား အပစ်ရပ်လိုက်ပြီးနောက် ရက္ခိုင်ပြည်၌ ဒေသတည်ငြိမ်အီးချမ်းနီ သည့်အတွက် အဆိုပါ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြန်ဖွင့်ပီးရန် ဒေသခံများ လိုလားနီ ကတ်ကြောင်းသိဟိရပါသည်။
