
APM ၊ မာ့ချ် ၂၆/ ၂၀၂၄
ဒေနိ မာ့ချ် ၂၆ ရက်နိ၊နိခင်း ၁၁ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ပစ်ခရေမိုင်းကို တက်နင်းမိလို့ မင်းပြားမြို့ခံတယောက်ခြီထောက်တဖက် ပြတ်ထွက် လားရေလို့ သိရပါရေ။
စစ်ကောင်စီထောင်မိုင်းကို နင်းမိလို့ ခြီတဖက်ပြတ်ထွက်လားခလူစွာ မင်းပြားမြို့၊အလယ်ပိုင်းရပ်ကွက်၊ မင်းကန်ထောင့်က ကိုအောင်စိုးဝင်း( ၂၂ နှစ်)ဖြစ်ပါရေ။
ကိုအောင်စိုးဝင်းစွာ ဒေနိ၊ နိခင်း ၁၁ နာရီလောက်က ဖခင်ဖြစ်သူနန့်တတူ မင်းပြားမြို့၊ပုညာရာမကျောင်းတိုက်ဖက်သို့ မညင်းချဉ်သီး ဆွတ်ဖို့လားရေခါ ယင်းနီရာတဝိုက် အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ပစ်ခရေ မိုင်းကို နင်းမိပနာ ပေါက်ကွဲမှုဖြစ်ပွားခရေလို့ မျက်မြင် မြို့ခံတိက ပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကိုအောင်စိုးဝင်း ဘယ်ဖက် ခြီထောက် ပြတ်ထွက်လားခပနာ ညာဖက် ခြီထောက်မာလည်း ဒဏ်ရာပြင်းပြင်း ထန်ထန် ရလားရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ၎င်းရို့၏ တပ်စခန်းတခုပြီး တခု၊ တမြို့ပြီးတမြို့ လက်လွှတ်ပီးနီရရေ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ ၎င်းရို့ စွန့်လွှတ်ခရရေ စခန်းတိ၊ မြို့ရွာနီရာတိအပြင် နောက်ထပ်စွန့်လွှတ်ရဖို့ စခန်းတိနန့် မြို့ရွာပတ်ဝန်းကျင်တိမာလည်း ကောက်ကျစ်ယုတ်မာစွာ မြီမြှုပ်မိုင်းတိကိုထောင်ပစ်ခရေအတွက် အာရက္ခပြည်သူတိအနီနန့် အထူးသတိပြုလားလာကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အလေးအနက် သတိပီးတိုက်တွန်းထားပါရေ။


