
APM ၊ မာ့ချ် ၂၆ / ၂၀၂၃
မတူကွဲပြားသည့် လူမျိုးများအကြား အပြန်အလှန် နားလည်မှုများရဟိပြီး ပြဿနာများကို လျှော့ချနိုင်ရန်ရည် ရွယ်ပြီး အလင်းတစက်နာမည်ရ ရွိလျားစာကြည့်တိုက်တခုမှ မောင်တောမြို့နယ်ဟိကျေးရွာများသို့ တပတ်လျှင် နှစ်ရက်စီ လှည့်လည် ၍ စာအုပ်များငှားပီးနီကြောင်း သိရသည်။
ယင်း “အလင်းတစက်” ရွိလျားစာကြည့်တိုက်ကတပတ်လျှင် စနီ၊ တလင်းဂနီ နှစ်ရက်စီ သုံးဘီးတစီးတွင် စာအုပ်များ တင် လျက် မောင်တောမြို့ ၊ ၄ မိုင်ရပ်ကွက်မှ ကျေးရွာများသို့ တရွာဝင် တရွာထွက် လှည့်လည် စာအုပ်များငှား ရမ်းပီးနီခြင်း ဖြစ်သည်။
ယင်းစာကြည့်တိုက်တွင် ဗဟုသုတစာအုပ်၊ ကဗျာစာအုပ်၊ ပန်းချီဆွဲစာအုပ်၊ ပုံပြင်စာအုပ်၊ မတူကွဲပြားနီသည့် လူမျိုးများ အားလုံး တယောက်နန့် တယောက် အပြန်အလှန် လေးစားအောင် ဖတ်သင့်သည့်စာအုပ် များပါ ဝင်ပြီး စာပီများဖတ်ရှု၍ ဗဟုသုတများ တိုးပွားကာ မတူကွဲပြားသည့် လူမျိုးများအကြား အပြန်အလှန် နားလည်မှုများ ရဟိ လေးစားတတ်လာရာမှ တဆင့် ပြဿနာများကို လျှော့ချနိုင်ရန် ရည်ရွယ်သည်ဟု စာကြည့် တိုက်အမှုဆောင် ကော်မတီဝင်များက ပြောသည်။
ယင်းအပြင် စာကြည့်တိုက်အနီနန့် ဒေသခံလူငယ်များ၏ ဝါသနာ၊ ရည်မှန်းချက်များကို စာရွက်တွင်ချရွီးစီခြင်းများနန့် လိင် ပညာပီး ကဏ္ဍများကိုလေ့ လူငယ်များ နားလည်လွယ်အောင် ပုံပြင်များ၊ ကာတွန်းများ၊ ၀တ္ထုများ၊ ပိုစတာများ၊ လိကျင့် ခန်းများနန့်တကွ အသိပညာပီးမှုများ ပြုလုပ်ခသည်ဟုဆိုသည်။
ယင်း အလင်းတစက်ရွိလျားစာကြည့်တိုက်ကို ၂၀၂၁ ခုနှစ်က စိတ်ပါဝင်စားသူ ၅ ယောက် ဖြင့်စတင်တည် ထောင်ခခြင်း ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဂျန်နဝါရီလ ၁ ရက်နိတွင် “အလင်းတစက်” ဟု နာမည်ပီးခြင်းဖြစ်ကာ လက်ဟိတွင် အမှုဆောင် ကော်မတီဝင် ၉ ယောက်နန့် အဖွဲ့ဝင် ၂၀ ကျော်ဟိကြောင်း သိဟိရပါသည်။
Photo – ABN
