APM ၊ မာ့ချ် ၂၆ /၂၀၂၃
အမေရိကန်တောင်ပိုင်း၊ မစ္စစ္စပီပြည်နယ်နန့် အလာဘားမားပြည်နယ်ရို့တွင် ပြီးခသည့်မာ့ချ် ၂၄ ရက်နိက လီဆင်နှာမောင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခမှုကြောင့် အနည်းဆုံး လူ ၂၆ ယောက် သီဆုံးခပြီး အများအပြား ထိခိုက်ဒဏ်ရာရ ဟိခ ကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
လီဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မစ္စစ္စပီပြည်နယ်တွင် လူ ၂၆ ယောက်ထက်မနည်း သီဆုံးခပြီး ပျောက်ဆုံးနီ သူများကို ရှာဖွီ ကယ်ဆယ်ရီးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နီသည်ဟု ပြည်နယ်အုပ်ချုပ်ရီးမှူး Tate Reeves က ၎င်း၏ တွစ်တာ တွင် ရွီးသားဖော်ပြခသည်။
လီဆင်နှာမောင်းတိုက်ခတ်မှုအတွင်း အိုးအိမ်များပျက်စီးလားကာ လျှပ်စစ်မီးများလေ့ပြတ်တောက်ခပြီး ယင်းသို့ ပျက်စီး ဆုံး ယှုံးမှုများကို အထောက်အပံ့များပီးမည်ဟုလေ့ Tate Reeves က ကတိပြု ပြောကြားခသည်။
အမေရိကန်မိုးလေဝသဌာန၏ ဖော်ပြချက်အရ လီဆင်နှာမောင်းသည် မစ္စစ္စပီပြည်နယ်၊Silver City နန့် Rolling Fork မြို့များကို တနာရီ မိုင် ၇၀ နှုန်း တိုက်ခတ်ခပြီး အလဘားမားပြည်နယ်အထိ ပြင်းအားလျော့မလားဘဲ ရွိ့လျား တိုက်ခတ်ခ ခြင်းဖြစ်ကြောင်း သိရသည်။
Sourcer – At least 26 dead after tornado-spawning storms roll through Southeast. One town is ‘gone,’ mayor says
Photo – AP