APM ၊ ဖေဖော်ဝါရီ ၂၆ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့အကြား အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ရက္ခိုင်ပြည်အတွင်း တည်ငြိမ်အီးချမ်းနီ၍ ငပလီကမ်းခြီသို့ လာရောက်လည်ပတ်သည့် ခရီးသည်များ သိသိသာသာ ပိုများလာကြောင်း သိရသည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကုန်ခသည့် ၂၀၂၂ခုနှစ် နိုဗမ်ဘာလကစ၍ ငပလီသို့ လာရောက်လည်ပတ်သူများ ဟိလာကာ ဒေနှစ်အတွင်းမှာတော့ တရက်လျင် လာရောက်လည်ပတ်သူဦးရေ ၅၀ မှ ၆၀ ခန့်အထိ သိသိသာသာတိုးလာကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ လာရောက်လည်ပတ်သူများ တိုးလာ၍ ခရီးသည်များအား အဓိကထားအမှီပြု၍ လုပ်ကိုင်စားသောက်နီကတ်သည့် ဒေသခံပြည်သူများမှာ ဝင်ငွေများရဟိကာ အလုပ်အကိုင်များလေ့ အဆင်ပြေလာကတ်သည်ဟု ဆိုသည်။
ယင်းအပြင် လာရောက်လည်ပတ်သူများထဲတွင် ပြည်တွင်းကထက် အများစုမှာ ပြည်ပမှ ဖြစ်ကတ်ပြီး ယင်းသို့ လာရောက်လည်ပတ်သူများလာ၍ အယင်ကရပ်နားထားခရသည့် ဟိုတယ်လုပ်ငန်းများလေ့ ပြန်လည်ပတ်လာနိုင်ကြောင်း သိရသည်။
ပြီးခသည့် ၂၀၁၈ ခုနစ်မှစ၍ ရက္ခိုင်ပြည်နိုင်ငံရီး၊စစ်ရီးအခြေအနေများနန် ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ငပလီသို့ လာရောက်လည်ပတ်သည့်ခရီးသည်များ လုံးဝမဟိသလောက်နည်းပါလားခကာ အဂုမှ ပြန်၍တိုးလာ ခြင်းဖြစ်ကြောင်း သိရသည်။