APM၊ဒီဇမ်ဘာ ၂၆/၂၀၂၃
ဒီဇမ်ဘာ ၂၅ ရက်နိ၊ နိခင်းက ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ(ခမီ)ရွာအတွင်း ခရစ်စမတ်ပွဲတော်ကျင်းပနီစွာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ ဖျက်လိုဖျက်ဆီးနန့် ဒရော့ဗုံး ၁လုံးလာရောက်ပစ်ချခကြောင်း ညီနောင် မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “ဒီဇမ်ဘာ ၂၅ရက်နိ၊ နိခင်း ၁၂ နာရီ ၂၆ မိနစ်က စစ်ကောင်စီတပ်စွာ ခရစ်ယာန်ဘာသာဝင်တိ ခရစ်စမတ်ပွဲတော်ကျင်းပနီကတ်တေ ဘူးသီးတောင်မြို့နယ်၊စံညှင်းဝေ(ခမီ)ရွာ၏ မီတာ(၃၀၀)လောက်အကွာ (အယင်ရွာဟောင်း)နီရာသို့ ရည်ရွယ်ချက်ဟိဟိ ဖျက်လိုဖျက်ဆီးနန့် ဒရော့ဗုံး(၁) လာရောက်ပစ်ချ တိုက်ခိုက်ခရေလို့ ဖော်ပြထားပါရေ။
ဒီဇမ်ဘာ ၂၅ ရက်နိ မိုးထ ၇နာရီ ၅၀ မိနစ်အချိန်လောက်က မြောက်ဦးမြို့နယ် ငွေတောင်ပေါက်ရဲစခန်းနန့် ယင်းစခန်း အနားဟိ သူတော်မတောင်ကုန်းစခန်းမာ ရက္ခိုင့်တပ်တော်(AA)နန့်စစ်ကောင်စီတပ်ရို့ ထိတွိ တိုက်ပွဲဖြစ်ပွားခပါရေ။
ယင်းသို့ တိုက်ပွဲဖြစ် ပွားနီချိန်အတွင်းမာလည်း မြောက်ဦးအခြီစိုက် စစ်ကောင်စီလက်အောက်ခံတပ်ရင်းတိဖြစ်တေ ခမရ (၃၇၇) နန့် ခမရ(၅၄၀)တပ်ရင်းတိက စစ်ရီးနန့်လုံးဝသက်ဆိုင်ခြင်းမဟိရေ အရပ်သား ပြည်သူတိ နီထိုင်ရာ မြို့ပေါ်ရပ်ကွက် နန့် ရပ်ရွာတိကို လက်နက်ကြီးနန့် အဆက်မပြတ်ယမ်းကားပစ်ခတ်တိုက်ခိုက်ခလို့ လက်ကောက် ဈီးအုပ်စု၊ ဆင်ချဆိပ်ရပ် ကွက်က သက်ကြီးပိုင်း အမျိုးသားတယောက် လက်နက်ကြီးကျည်ထိမှန် သီဆုံးခရပြီးကေ တရပ်ကွက်တည်းနီ အမျိုးသားတယောက်အပါအဝင် အချေ(၂)ယောက် ထိခိုက်ဒဏ်ရာရဟိလားခကြောင်း သိရပါရေ။
ဒီဇမ်ဘာ ၂၅ ရက်နိ၊ ညဇာ ၄ နာရီ မိနစ် ၂၀ အချိန်မာ စစ်ကောင်စီတပ်စွာ တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမဟိရေ ရက္ခိုင်ပြည် ၊ရမ်းဗြဲမြို့ ပေါ်ရပ်ကွက်တိနန့် အနီအနားကျေးရွာတိသို့ ဂျက်တိုက်လီယာဉ်တိနန့်တသီတမင် ရည်ရွယ်ချက်ဟိဟိ လာရောက် ပစ်ခတ် တိုက်ခိုက်ခလို့ အမှတ်(၃)အင်းတောင်ရပ်ကွက်က နီအိမ်(၁)လုံး လက်နက်ကြီးကျည်ထိမှန်ပနာ ပျက်စီးခပါရေ။
အလားတူ ယင်းဂျက်တိုက်လီယာဉ်စွာ ညဇာ ၄ နာရီခွဲအချိန်လောက်မာလည်း ရမ်းဗြဲမြို့အနားမာဟိရေ ရပ်ရွာတိကို ဦးတည် ပစ်မှတ်ထားပနာ ရည်ရွယ်ချက်ဟိဟိထပ်လို့ (၅)ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခလို့ သံချောင်းတိုက်နယ်၊ ကျက်သရေရွာဟိ ကိုယ်ရံတောင်တက် ဘုရားလမ်းဟောင်းမာ ဗုံး(၂)လုံးကျ ရောက်ပေါက်ကွဲ ခရေပိုင်၊ အမှတ်(၁) သဗြုချိန် မာလည်း အတွဲလိုက်ဒုံးကျည် (၃)လုံးပစ်ခတ် တိုက်ခိုက်ခရေလို့ သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၂၅ ရက်နိ၊ နိခင်း (၁)နာရီအချိန်လောက်မာ မင်းပြားမြို့နယ်ဟိ ရီတံခွန်သိင်္ဂုတ္တရကျောင်းသစ်အထက် ကျိန်းတောင်တက်လမ်း သီလတဝိဇရပ်အနားမာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ မိုင်းထောင်ထားခလို့ ဒေသခံ ပြည်သူ တယောက် ခြီထောက်တဖက်ပြတ်ထွက်လားခပြီး၊ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြင်းအထန်ရဟိခပါရေ။
ဘူးသီးတောင်မြို့နယ်၊ဖရုံးချောင်း(ရက္ခိုင်)ရွာဟိ ဘုန်းကြီးကျောင်းတောင်ကုန်းမာအခြီချတပ်စွဲထားရေ စစ်ကောင်စီလက်အောက်ခံ ခမရ (၂၀၆) တပ်ရင်း က စပါးရိတ်သိမ်းနီရေ ဒေသခံမူဆလင်အမျိုးသား ၁ ယောက် ကို သီနတ်နန့် ရည်ရွယ်ချက်ဟိဟိ လူမဆန်စွာပစ်ခတ်ခလို့ ဝမ်းမာ ပြင်ထန်ဒဏ်ရာရဟိလားပနာ သီဆုံးလားခပါရေ။
ဒီဇမ်ဘာ ၂၅ ရက်နိကလည်း မြောက်ဦးမြို့၊အခြီစိုက်စစ်ကောင်စီတပ်ရင်းက မြောက်ဦး မြို့ပေါ်ရပ်ကွက်တိသို့ ပစ်ခတ်တိုက်ခိုက်လိုက်တေ လက်နက်ကြီးကျည်တိထဲက (၁)လုံးစွာ ရက္ခိုင်လူမျိုးရို့၏ အမျိုးသားပြယုဂ်ဖြစ်ရာ ရှေးဟောင်း အမွီအနှစ်တိ ထိန်းသိမ်းထားရေ ပြခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခလို့သမိုင်းဝင်ရှေးဟောင်းပစ္စည်း တိ ပျက်စီးခရပါရေ။
ယင်းအပြင် ညည့် ၁၁ နာရီအချိန်လောက်မာလည်း ရက္ခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့၊ လက်ဝဲစာတိုက်ရွာ၊တန်းထားဦး စစ်ကောင်စီတပ်ရင်းက အရပ်သား ပြည်သူတိနီထိုင်ရေ နီရာတိကို လက်နက်ကြီးနန့်ယမ်းကားပစ်ခတ်ခရေပိုင်၊ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်းစီတပ်ရို့ကြား အချိန်ကြာမြင့်စွာ ထိတွိတိုက်ပွဲဖြစ်ပွားခကြောင်း သိရပါရေ။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း ပုဏ္ဏားကျွန်းအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၅၀)တပ်ရင်းရို့က လက်ဝဲစာရွာအတွင်းသို့ လက်နက်ကြီးနန့်အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခရေအတွက် ယင်းရွာဟိ လူနီအိမ်(၃) လုံး လက်နက်ကြီး ထိမှန်ပျက်စီးခပါရေ။
ယင်းအပြင် ယင်းနိမိုးထ ၇ နာရီအချိန်လောက်ကလည်း ဘူးသီးတောင်မြို့ကနီ အာကာပြင်ရွာသို့ ပြန်လာရေ တက္ကသိုလ်ကျောင်းသူ ၂ယောက်ကို ဘူးသီးတောင်မြို့၊ဂေါက်ကွင်းအနားဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဖမ်းဆီးလားခကြောင်း သိရပါရေ။
ရက္ခိင့်တပ်တော်(AA)နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲစွာ နိုဗမ်ဘာ ၁၃ ရက်နိကစတင်ဖြစ်ပွားခပြီးနောက် စစ်ရီးစာမျက်နှာအသီး သီးမာ အဖက်ဖက်က ယှုံးနိမ့်နီလျက်ဟိရေ အကြမ်းဖက်စစ်ကောင်စီတပ်စွာ အဂုရက်ပိုင်းအတွင်း အရပ်သားပြည်သူတိ လားလာနီထိုင်နီရေ နီရာတိမာ ရည်ရွယ်ချက်ဟိဟိ မိုင်းထောင်ခြင်းနန့် လက်နက်ကြီး၊ လက်နက်ချေပစ်ခတ်တိုက်ခိုက်ခြင်းတိကို ဆက်တိုက်လုပ်ဆောင်လာနီပြီးကေ သာသနိက
ရှေးဟောင်းအဆောက် အအုံတိမာ တပ်စွဲနီရာချပနာ ပစ်ခတ်ဖျက်ဆီးခြင်းကိုပါ တစိုက်မတ်မတ် ကျူးလွန်လျက်ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။