APM ၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၂၆ ရက်နိ)၊ ညဇာ ၇ နာရီခွဲ လောက်မာ မြောက်ဦးမြို့၊ဘုရားပေါ် စစ်ဖီးယှောင်စခန်းကို အကြမ်း ဖက် ဖက်ဆစ်စစ်ကောင်စီက လူမဆန်စွာဒရုန်းနန့် ဗုံးကြဲတိုက်ခိုက်ခလို့ အချေ ၃ ယောက်အပါ အဝင် ၄ ယောက် သီဆုံး လားပြီးကေ ၂ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာကောက်ကျစ်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီဆုံးလားခရရေ စစ်ဖီးယှောင် ၄ ယောက်ကတော့ မယုလှိုင်မိုး(၁၀နှစ်)၊ မအေးသန်းကြည်(၁၁ နှစ်)၊ မောင်ကျော်မင်းစိုး(၉ နှစ်)နန့် ဒေါ် စိန်ဝါနု (၅၂ နှစ်) ရို့ဖြစ်ပြီးကေ၊ ဒဏ်ရာရလားရေ လူနှစ်ယောက်ကတော့ မောင်အေးထွန်းနိုင် (၄ နှစ်) နန့် ဒေါ် အကျော့မေ(၄၇ နှစ်) ရို့ ဖြစ်ကတ်ပါရေ။
ဒေနိညဇာ ၇ နာရီ မိနစ် ၃၀ လောက်မာမြောက်ဦအခြီစိုက်အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၅၄၀)တပ်ရင်းကနီ ဒရုန်းနန့်လာပြီးကေ ဘုရားပေါ်စစ်ဖီးယှောင်စခန်းကို ဒရော့ဗုံး ၃ လုံး ကြဲချခပါရေ။
အကြမ်းဖက် စစ်ရာဇဝတ်ကောင် စစ်ကောင်စီကြဲချလိုက်တေ ဒရော့ဗုံး ၃ လုံးအနက်က ၂ လုံးစွာ ဘုရားပေါ် စစ်ဖီးယှောင်စခန်းအနားသို့ကျရောက်ပေါက်ကွဲခပြီးကေ ကျန်တလုံးကတော့ ဘုရားပေါ်ကျောင်း ဓမ္မာရုံမာ ကျရောက်ခပါရေ။
ဒရော့ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မအေးသန်းကြည်နန့် ဒေါ်စိန်ဝါနု ရို့စွာ ယင်းနီရာမာပင် သီဆုံးလားခပြီးကေ မယုလှိုင်မိုးနန့် မောင်ကျော်မင်းစိုး ရို့ကတော့ ဆီးရုံအရောက်မာ ဆုံးပါးခရပါရေ။ မောင်အေးထွန်းနိုင်နန့် ဒေါ်အကျော့မေရို့လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရဟိလားခပါရေ။
ဒေနိမိုးထကလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်က မိုက်ရူးရဲစွာ ယမ်းကား ပစ်ခတ်လိုက်တေ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲလို့ မြောက်ဦးမြို့က ရပ်ကွက်အုပ်ချုပ်ရီးမှူး တယောက် ဂွင်တိုင်း သီဆုံးလားခပါသိမ့်ရေ။
လက်ဟိမြောက်ဦးမာ အကြမ်းဖက် စစ်ကောင်စီ၏ ယမ်းကားပစ် ခတ်မှုကြောင့် ၃ ရက်အတွင်း မြောက်ဦးမြို့နန့် အနားတဝိုက်က အပြစ်မဲ့ ပြည်သူ ၉ ယောက်သီဆုံးထားပြီးဖြစ်တေပိုင် ၁၆ ယောက် ထက်မနည်းလည်း ဒဏ်ရာ ရဟိထားပါရေ။