APM ၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၃
ဒီဇမ်ဘာ၂၄ ရက်နိက ဘူးသီးတောင်မြို့နယ်မာ စစ်ကောင်စီတပ်က ဖမ်းလားခရေ တက္ကသိုလ်ကျောင်းသူ ၂ ယောက်ကို နှစ်ရက်ကြာလာရေ ဒေဂုအချိန်အထိ အဆက်အသွယ်လုံးဝမရလို့ အကြီးအကျယ်စိုးရိမ်နီကတ်ကြောင်း မိသားစုဝင်တိက ပြောပါရေ။
အကြမ်းဖက် စစ်ကောင်စီက မတရားအနိုင်ကျင့်ဖမ်းလားခရေတက္ကသိုလ်ကျောင်းသူ ၂ ယောက်ကတော့ ဘူးသီးတောင် မြို့နယ်၊အာကာပျံ(ရက္ခိုင်)ရွာက ဒဿနိကဗေဒ (တတိယနှစ်) ကျောင်းသူ မစန္ဒာဝင်း(ခ) ပပဝင်း(၂၃ နှစ်) နန့် စည်တောင် ရွာက မြန်မာစာ (တတိယနှစ်) ကျောင်းသူ မအေးစိုး(၂၃နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဒီဇမ်ဘာ ၂၄ ရက်နိ၊ နိခင်း ၁၂ နာရီလောက်မာ ဘူးသီးတောင်မြို့ထက်ကနီ အာကာပျံရွာသို့ ဆိုင်ကယ်တစီးနန့် ပြန်လာရေ ယင်းတက္ကသိုလ်ကျောင်းသူ နှစ်ယောက်ကို ကကျဖက်တန်းထားနားမာ ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီတပ် စကခ(၁၅)တပ်ဖွဲ့ဝင်တိက ဖမ်းလားခစွာဖြစ်ပါရေ။
ယင်းနောက် သူရို့ကို စကခ(၁၅)သို့ ခေါ်ယူလားခပြီးကေ လက်ဟိအချိန်ထိ ပြန်မလွှတ်ပီးသိမ့်ပိုင် မိသားစုတိနန့်လည်း အဆက်အသွဟ်မရလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်(AA)နန့် စစ်ကောင်စီတပ်ရို့တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားရေ နိုဗမ်ဘာ ၁၃ ရက်နိကပင်စလို့ ဒေနိအထိ ရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့ပြည်သူ စုစုပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထားပါရေ။