APM ၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၂
နှစ်နိုင်ငံဆက်ဆံရီး ကောင်းမွန်လာစီဖို့ အိန္ဒိယနန့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဟိကြောင်း ဒီဇမ်ဘာ ၂၅ ရက်နိတွင် တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
“နိုင်ငံတကာ အခြေအနေနန့် တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရီး” စာတမ်းဖတ်ပွဲတွင် တရုတ် နိုင်ငံခြားရီး ဝန်ကြီး ဝမ်ယိက ယင်းသို့ ပြောကြားခခြင်း ဖြစ်သည်။
ယင်းအပြင် တရုတ်နန့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် သံတမန်လမ်းကြောင်းများမှတဆင့် ဆက်သွယ်ရီးလမ်းကြောင်း များကို ထိန်းသိမ်းထားပြီး၊ နှစ်နိုင်ငံစလုံးမှ နယ်စပ်ဒေသတည်ငြိမ်ရီးကို ထိန်းသိမ်းရန် ကတိကဝတ် ပြုထားကြောင်း လေ့ ဝမ်ယိက ဆိုသည်။
ပြီးခသည့် ဒီဇမ်ဘာ ၉ ရက်နိက နှစ်နိုင်ငံအငြင်းပွားရာဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ၊ အရူနာချီပရာဒတ်ပြည်နယ်တွင် နှစ်ဖက် တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခပြီးနောက် တရုတ်နိုင်ငံဖက်မှ ယခုကဲ့သို့ အပြုသဘောဆောင်သည့် လက်တွဲ လုပ်ဆောင်ရန်ဆန္ဒဟိကြောင်း ပြောဆိုလာခြင်း ဖြစ်သည်။
တရုတ်နန့် အိန္ဒိယသည် အဆက်အသွယ်များ နီးကပ်စွာထားဟိဖို့ သဘောတူထားပြီး၊ စစ်ရီးနန့် ကျန်သည့် ကိစ္စရပ်များအား သံတမန်လမ်းကြောင်းများမှတဆင့်နှစ်ဦးနှစ်ဖက်လက်ခံဖြေယှင်းလားရန်သဘောတူခကတ်သည် ဟု တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Photo- The Economic Times