APM ၊ ဒီဇမ်ဘာ ၂၆ /၂၀၂၂
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင် ပွဲ၏ အကောင်းဆုံးသွင်းဂိုးအဖြစ် ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်၏ သွင်းဂိုး ရွီးချယ်ခံရကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) က အတည်ပြုသည်။
FIFA သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုကို Hyundai မော်တာကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် ချီးမြှင့်ခခြင်းဖြစ်ပြီး၊ ဆန်ခါတင်သွင်းဂိုး ၁၀ ဂိုးအား ပရိသတ်များမှ မဲပီးရွီးချယ်ရာတွင် ရစ်ချာလီဆန်၏သွင်း ဂိုးက မဲအများဆုံးရဟိခ သည်။
အုပ်စု (F) ပထမပွဲအဖြစ် နိုဗမ်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကဇတ်ခသည့် ဆားဘီးယားနန့်ပွဲတွင် ရစ်ချာလီ ဆန်က အနိုင်ဂိုး၂ဂိုး သွင်းယူခပြီး၊ အကောင်းဆုံးသွင်းဂိုးဖြစ်သည့်ဒုတိယဂိုးကို ၇၃ မိနစ်တွင် သွင်းယူခသည်။
ရစ်ချာလီဆန်သည် ဘယ်ခြမ်းမှ ဗင်နီစီယပ်စ်၏ ပီးပို့မှုကို တချက်ထိန်း၍ Bicycle Kick ဖြင့် ဂိုးသမား ညာဖက်ထောင့်သို့ လှလှပပ ကန်သွင်းယူခခြင်းဖြစ်သည်။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်း၌ အယ်လ်ဒေါ်ဆာရီ(ဆော်ဒီ)၊ဂက်ပို(နယ်သာလန်)၊ အန်ဇို ဖာနန်ဒက်ဇ်(အာဂျင်တီးနား)၊အဘူဘာကာ(ကင်မရွန်း)၊လူးဝစ်ချာဗက်ဇ်(မက္ကဆီကို)၊ဘာပေ(ပြင်သစ်)၊ ရစ်ချာ လီဆန် (ဘရာဇီးလ်)၊ ပက်ဆောင်ဟို(တောင်ကိုရီးယား)၊ နေမာ(ဘရာဇီးလ်)ရို့၏ သွင်းဂိုးများ ပါဝင်သည်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ရစ်ချာလီဆန်သည် စုစုပေါင်း ၃ ဂိုးသွင်းယူရာ၊ ဆန်ခါတင်သွင်းဂိုး ၁၀ ဂိုး စာရင်း တွင် ရစ်ချာလီဆန်၏ သွင်းဂိုး ၂ ဂိုးပါဝင်ခသည်။
၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အကောင်းဆုံးကဇတ်သမား (ရွှေဘောလုံးဆု)ကို မက်ဆီ (အာဂျင်တီးနား)၊ ငွေဘော လုံးဆုကို ဘာပေ (ပြင်သစ်)၊ ကြေးဘောလုံးဆုကို မိုဒရစ် (ခရိုအေးသျှား)၊ ရွှေဖိနပ်ဆုကို ဘာပေ(ပြင်သစ်၊ သျှစ်ဂိုး၊ဖန်တီးမှုနှစ်ကြိမ်)၊ ငွေဖိနပ်ဆုကို မက်ဆီ(ခနစ်ဂိုး၊ ဖန်တီးမှုသုံးကြိမ်)၊ ကြေးဖိနပ်ဆုကို ဂျရူး (ပြင်သစ်၊ လေးဂိုး)၊ ရွှေလက်အိတ်ဆုကို မာတီနက်ဇ် (အာဂျင်တီးနား)၊ လူငယ်ကစားသမားဆုကို အန်ဇိုဖာနန်ဒက်ဇ် (အာဂျင်တီးနား) ရို့က ဆွတ်ခူးရဟိခသည်။
Photo – STV News