APM၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၂
ပြီးခသည့် ကာတာကမ္ဘာ့ဖလားပွဲတွင် ဂျပန်အသင်းကို ဦးဆောင်ခသော မိုရီယာဆု အနီနန့် ဂျပန်အသင်း၏ နည်းပြအဖြစ် ဆက်လက်ဟိနီမည်ဟု သိရသည်။
ကျိုဒိုသတင်းဌာန၏ ဖော်ပြချက်အရ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် အသက် ၅၄ နှစ်အရွယ် နည်းပြ မိုရီယာဆု ကို စာချုပ်သစ်ချုပ်ဖို့ လုပ်နီသည်ဟု ဆိုသည်။
ဂျပန်လက်ရွီးစင် ကွင်းလယ်လူဟောင်းတဦးဖြစ်သည့် မိုရီယာဆုသည် ကာတာကမ္ဘာ့ဖလား၌ ဂျပန်အသင်း ကို အုပ်စု E မှာ ဂျာမနီ၊စပိန် စသည့် ထိပ်တန်းအသင်း များကို အနိုင်ရအောင် စွမ်းဆောင်ပီးနိုင်ခသည်။
သို့သော် ၁၆ သင်းအဆင့်၌ ခရိုအေးသျှားအသင်းနန့် အကြိတ်အနယ်ယှဉ်ပြိုင်ခပြီး၊ ပင်နတီအဆုံးအဖြတ်ဖြင့် ခရိုအေးသျှားကို ယှုံးနိမ့်ခရသည်။
နည်းပြမိုရီယာဆုသည် ကုန်ခသည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲကပင် ဂျပန်လက်ရွီးစင်အသင်းနည်းပြအဖြစ် စတင် တာဝန်ယူခပြီး၊ သူ့လက်ထက် ၆၂ ပွဲမှာ ၄၁ ပွဲအထိ အနိုင်ရခပြီး၊ ၁၂ ပွဲရာယှုံးခကြောင်း သိရသည်။
Photo – Reuters