APM ၊ ဒီဇမ်ဘာ ၂၆ /၂၀၂၂
မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်၌ ဒီဇမ်ဘာ ၂၅ ရက်နိက စက်လှီတစီးတိမ်းမှောက်မှုဖြစ်ပွားခပြီး၊ ၁၀တန်း ကျောင်း သူ တယောက် ပျောက်နီကြောင်းသိရသည်။
ပျောက်နီသူမှာ မြောက်ဦးမြို့၊ အလယ်ဈီးရပ်ကွက်မှ မစိုးစိုးဆန်း(၁၇ နှစ်) ဖြစ်သည်။ မစိုးစိုးဆန်းမှာ
၁၀ တန်းကျောင်းသူတယောက်ဖြစ်ပြီး ဒီဇမ်ဘာ ကျောင်းပိတ်ရက်ဖြစ်၍ တခြား ကျောင်းသား/သူ ၈ ယောက်နန့်အတူ လေးမြို့မြစ်ဒေသသို့ ခရီးထွက်လာရာ လေးမြို့မြစ်ခွဲမြက်ရိတ်ကျွန်းနား အရောက်၌ စက်လှီတိမ်း မှောက်ခခြင်းဖြစ်သည်။
ယင်းစက်လှီ တိမ်းမှောက်မှုကြောင့် စက်လှီထက်၌ ပါလာသည့် ကျောင်းသား၊ ကျောင်းသူ ၉ ယောက်စလုံး မြစ်ထဲ ကျရောက်ကာ၊ ကျန်ကျောင်းသား၊ကျောင်းသူ ၈ယောက်ကိုတော့ အပါးဟိ ရပ်သူရွာသားများမှ အချိန်မီ ကယ်တင်နိုင်ခကေလေ့ မစိုးစိုးဆန်းမှာ ပျောက်နီခသည်။
ပျောက်နီသူ မစိုးစိုးဆန်းအား အနားဟိ ရပ်သူရွာသားများနန့် မိသားစုဝင်များမှ လေးမြို့မြစ်အတွင်း လိုက်လံ ရှာဖွီလျက်ဟိပြီး၊ လက်ဟိအချိန်ထိ ရှာမတွိသိမ့်ကြောင်း သိရသည်။