APM ၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၂
အမေရိကန်နိုင်ငံတွင် တိုက်ခတ်နီသည့် ဆောင်းမုန်တိုင်းကြောင့် ဒီဇမ်ဘာ ၂၅ ရက်နိအထိ သီဆုံးသူ ၃၄ ယောက် အထိဟိလာပြီး၊ နောက်ထပ်သီဆုံးမှုများဟိလာနိုင်ကြောင်းလေ့ သိရသည်။
မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံစားနီရကာ လူသီဆုံးမှု အများဆုံးဖြစ်သည့် နယူးယောက်ပြည်နယ်တွင် ယာဉ်တိုက် မှုများကြောင့် အနည်းဆုံး လူ ၁၈ယောက်ထက်မနည်း သီဆုံးခပြီး၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကတ်ရန် သတိ ပီးထားကြောင်း နယူးယောက်ပြည်နယ်အုပ်ချုပ်ရီးမှူး Kathy Hochul က ဆိုသည်။
ဆောင်းမုန်တိုင်းသည် ကနေဒါနိုင်ငံနယ်စပ် Great Lakes မှသည် မက္ကဆီကို နယ်စပ်တလျှောက် ရီယိုဂရန်ဒီအထိ တိုက်ခတ်လျက်ဟိပြီး၊ အမေရိကန်နိုင်ငံ၏ လူဦးရေ ၆၀ ရာခိုင်နှုန်းနီးပါး ဆောင်းမုန်တိုင်းတိုက်ခတ်မှု အန္တရာယ်ကို ရင်ဆိုင်နီရခြင်း ဖြစ်သည်။
မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတဝန်း နီအိမ်များနန့် စီးပွားရီးလုပ်ငန်းထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်နီပြီး ဒီဇမ်ဘာ ၂၅ ရက်နိအထိ အမေရိကန် လီကြောင်းခရီးစဉ်ပေါင်း ၁၇၀၀ ကျော်ကို ဖျက်သိမ်းထားရကြောင်း သိရသည်။
လက်ဟိအချိန်အထိ ဆီးနှင်းများဖုံးလွမ်းနီ၍ အရေးပေါ်ကူညီကယ်ဆယ်ရီးလုပ်ငန်းများမှာ အခက်အခဲများနန့် ရင် ဆိုင်နီရပြီး၊ ကူညီကယ်ဆယ်ရီးသမားများအချိန်မီမရောက်နိုင်သည့်အတွက် သီဆုံးရမှုများဟိနီသည်ဟု သိရသည်။
Photo- Reuters