APM ၊ ဒီဇမ်ဘာ ၂၆ / ၂၀၂၂
မြန်မာစစ်တပ်က အရှင်လတ်လတ်ဖမ်းဆီးခေါ်ဆောင်လားခသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကြီးကျေးရွာမှ ရွာသား ၈ ယောက်မှာ တလအကြာတွင် လက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခံရပြီး မြီမြှုပ်ထားသည့် အလောင်းများရာ ပြန်တွိရကြောင်း Indaw Revolution -IR အဖွဲ့မှ ဒီဇမ်ဘာ ၂၅ ရက်နိ ထုတ်ပြန်သည်။
ယင်းသို့ သတ်ဖြတ်ခံခရသည့် နတ်မဟုတ်ကြီးကျေးရွာသားများမှာ ဦးမြင့်ဖေ (၆၀နှစ်)၊ ဦးထွန်းနိုင်(၃၈နှစ်)၊ ဦးသာ ပြူး (၆၈နှစ်) ၊ ဦးမင်းနိုင်( ၅၀ကျော်)၊ ဦးကျော်သန်း (၆၀နှစ်)၊ ဦးကျော်သန်း၏သား ဦးဘိုဘိုဝေ( ၃၃နှစ်)၊ ဦးကျော်ဌေး (၅၀ ကျော်)၊ ဦးကျော်ထွန်း (၅၀ ကျော်) ရို့ ဖြစ်သည်ဟု ဆိုသည်။
၎င်းရို့အား မြန်မာစစ်တပ်မှ ပြီးခသည့် နိုဗမ်ဘာ ၂၈ ရက်နိတွင် ဖမ်းဆီးလားခပြီးနောက်၊ တလအကြာတွင် နတ်မ ဟုတ်ကြီးရွာဝန်းကျင်ဟိ ကမ်းနီရွာနားမှာ အလောင်းများ မြီမြှပ်ထားသည်ကို ပြန်တွိခခြင်း ဖြစ်သည်။
သတ်ဖြတ်ခံထားရသည့်အလောင်းများအနက် တချို့မှာ ဦးဂေါင်းကို သီနတ်နန့်ပစ်သတ်ခံရကာ၊ တချို့မှာ တုတ် နန့် ရိုက်နှက် ခံထားရသည်ဟု IR က ဆိုသည်။
နတ်မဟုတ်ကြီးကျေးရွာသား ၈ ယောက်အား ဖမ်းဆီးလားသည်မှာ မကွေးတိုင်းအခြီစိုက် တပ်မ(၈၈) လက် အောက်ခံ ခမရ (၃၀၁)တပ်နန့် ခမရ (၄၁၆)တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟုလေ့ Indaw Revolution -IR ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Photo – Mizzima