APM ၊ ဂျန်နဝါရီ ၂၆ / ၂၀၂၃
ဘူးသီးတောင်မြို့နယ်တွင် ဒေနိ(ဂျန်နဝါရီ ၂၆ ရက်နိ) မိုးထ ၉ နာရီကျော်က မြန်မာစစ်တပ် ခမ၇ (၂၁၀)တပ်ရင်း အနားသို့ ထင်းရှာလားစဉ် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး မူဆလင် အချေ ၁ ယောက်သီဆုံးပြီး နောက်ထပ် ၃ ယောက်လေ့ ဒဏ်ရာရလားကြောင်း သိရသည်။
သီဆုံးလားသူမှာ ဘူးသီးတောင်မြို့နယ်၊ နှပျိုးချောင်းအုပ်စု၊ ဖိုးခေါင်ချောင်း(မူဆလင်) ရွာမှ (အဖ) ဦးမူဟာမတ် ချော်ရီ၏သား မောင်မူဟာမတ်နူရ်(၁၂နှစ်) ဖြစ်သည်။ ဒဏ်ရရလားသူ ၃ ယောက်မှာ (အဖ) ဦးမာမတ်ကာဆိမ့် ၏သား မောင်ရော်ဘီဟူဆိန်း(၁၂နှစ်)၊ (အဖ) ဦးအဒူဟာမိန်၏သား မောင်ဂျာနီအာလောင် (၁၁ နှစ်) နန့် (အဖ) ဦးဖော်ဇူလ္လာမောက်၏ သား မောင်အိုဂျီအူလ္လာ(၁၂နှစ်)ရို့ ဖြစ်ကတ်သည်။
ဒဏ်ရာရလားသူ ၃ ယောက်အနက် မောင်ရော်ဘီဟူဆိန်းမှာ ဒဏ်ရာအလွန် ပြင်းထန်ကြောင်း သိရသည်။
မောင်မူဟာမတ်နူရ်၊ မောင်ရော်ဘီဟူဆိန်း၊ မောင်ဂျာနီအာလောင် နန့် မောင်အိုဂျီအူလ္လာရို့ ၄ ယောက်သည် ဒေနိ မိုးထ ၉ နာရီကျော်က နှပျိုးချောင်းရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် မြန်မာစစ်တပ် တပ်မ(၂၂) လက် အောက်ခံ ခမရ (၂၁၀)တပ်ရင်းမှ ၁၅ ကိုက်ခန့်အကွာ တောင်တန်းနား၌ ထင်းရှာလားစဉ် မိုင်းနင်းမိခ ကတ်ခြင်း ဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် မောင်မူဟာမတ်နူရ်သည် နီရာတွင်ပင် ပွဲချင်းပြီး သီဆုံးလားကာ ကျန် ၃ ယောက်မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရလားခကြောင်း သိရသည်။