APM၊ အောက်တိုဘာ၂၅/၂၀၂၂
စီထရန် မုန်တိုင်းကြောင့် လောင်းမြုပ်၍ မယူကမ်းအနောက်ဖက်ပင်လယ်ပြင်၌မျောပါလားခသော စစ် တွေမှ မူဆလင်တယောက်ကို ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာမှရခိုင်လူမျိုးများကကယ်တင်ခပြီး၊ သက် ဆိုင်ရာ မိသားစုများထံ အဆင့်ဆင့် ဆက်သွယ်ကာ
ဒေနိ (အောက်တိုဘာ ၂၅ ရက်နိ) တွင် လွှဲပြောင်းပီးအပ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။
ပင်လယ်ပြင်၌ နစ်မျောနီခသူ မူဆလင်တဦးမှာ စစ်တွေမြို့နယ်၊ပလ္လင်ပြင်တန်း၊အုန်းတောချေရွာမှအဖ ဦးနော်ရူဆလင် ၏ သား ဦးမာမောက်ကာဆိမ်း (၄၄ နှစ်) ဖြစ်သည်ဟု ဒုံးပိုက်ရွာသားများက ပြောသည်။
ဦးမာမောက်ကာဆိမ်းမှာ ပလ္လင်ပြင်ရွာ၏ အနောက်ဖက် ပင်လယ်ပြင်၌ အာထောက်ပိုက် အငှားချနီသူဖြစ်ပြီး၊ အောက်တိုဘာ ၂၄ ရက်နိ၊ မိုးထ ၄ နာရီအ ချိန်ကတခြားမူဆလင်တယောက် နန့်အတူ ပိုက်ဖော် ရန်လားစဉ်မုန်တိုင်းအဟိန်ကြောင့်လောင်းမှောက်၍ ပင်လယ်ထဲသို့မျောပါလားခခြင်းဖြစ်သည်။
ပင်လယ်ကမ်းစပ်၌ လူတယောက် ပါးနီသည်ကို ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာသားတဦးက တွိမြင်ခပြီးနောက် ၎င်းရွာသားမှပင် မာမောက်ကာဆိမ်းကို အသက်ကို ကယ်တင်ခခြင်းဖြစ်သည်ဟု ဒုံးပိုက်ရွာ သားများက ဆိုသည်။
အသက်ရှင်လျက်ကယ်တင်ခြင်းဖြစ်စဉ်နန့်စပ်လျဉ်း ၍ ဒုံးပိုက်ရွာသားတယောက်က”သူ့အသက်ကိုကယ်လိုက်စွာက ကျနော် ရို့ရွာက ကိုသန်းဝင်းပါ။ကိုသန်း ဝင်းရို့အိမ်က ပင်လယ်ကမ်းစပ်နန့်အပါးချေဆိုခါ ယင်းမူဆလင်ကို ကံကောင်းလို့မြင်ခီပါရေ။အသီလား၊ အရှင်လား လားကြည့်ခါ ယင်းလူက သတိရတချက် မရတချက် ဖြစ်နီပါရေ။ ယင်းနန့် အိမ်တအိမ်သို့ တင်ယူ ခကတ်စွာပါ”ဟု ယှင်းပြသည်။
ဒုံးပိုက်ရွာသားများသည် မာမောက်ကာဆိမ်းအား ဘာသာ၊လူမျိုးမခွဲခြားဘဲ စေတနာအပြည့်အဝဖြင့် ကောင်းမွန်စွာ ပြုစုစောင့် ယှောက်ပြီးနောက် အုန်း တောချေရွာမှ ၎င်း၏ မိသားစုများနန့်ဆက်သွယ်ကာ ဒေနိ(အောက်တိုဘာ၂၅ရက်)၊ မိုးထ ၁၁ နာရီခန့်၌ ၎င်းနီထိုင်ရာ စစ်တွေမြို့နယ်၊အုန်းတောချေရွာသို့ ကူညီပို့ဆောင်ပီးခသည်ဟု သိရသည်။
ကူညီဆောင်ရွက်ပီးခသူ ဒုံးပိုက်ရွာသားတယောက်က “ကျနော်ရို့ စစ်တွေဖက်က မူဆလင်ရွာတိကို အဆင့်ဆင့် ဆက်သွယ်ပနာ မိသားစုတိနန့် ချိတ်ဆက်ခပါရေ။ လမ်းခရီးတိ အစီစဥ်ချပနာ ဒေနိမိုးထဖက်က မိသားစုတိဘားသို့ ပို့ပီးလိုက်ပါရေ”ဟု ပြောဆို လားခသည်။
မာမောက်ကာဆိမ်းနန့်တတူ လောင်းမြုပ်ရာတွင်ပါလားခသူ နောက်ထပ်မူဆလင်တယောက်မှာတော့ ပင်လယ်ထဲ၌ ပျောက်ဆုံးနီ သိမ့်ကြောင်းသိရသည်။
စီထရန်မုန်တိုင်းအဟိန်ကြောင့် ရက္ခိုင်ပြည် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အပါအဝင် မြို့နယ် တချို့၌ လှိုင်းကြီးမှုများဖြစ်ပေါ်ကာ စပါးခင်းများကို ဆားငံရီများ ဖုံး လွှမ်းပြီးစပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု များစွာ ဟိခသည်ဟုလေ့ သိဟိရသည်။