APM၊ အောက်တိုဘာ ၂၅/၂၀၂၂
မြောက်ဦးမြို့၊မြတန်ဆောင်းကျောင်းဟိ စစ်ဖီးယှောင်စခန်းကို ဒေနိ(အောက်တိုဘာ ၂၅ ရက်နိ) မိုးထက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းဝင်ရောက် ၍ ရှာဖွီမှုများ လုပ်ခကတ်ကြောင်း သိရသည်။
မြတန်ဆောင်းကျောင်းကို ဒေနိမိုးထ ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ခန့်မှ ကားတစီးဖြင့် စီးနင်းဝင်ရောက်လာပြီး မြတန်ဆောင်းဆရာတော် ဟိ/မဟိ မိန်းမြန်းခသည့်အပြင် စစ်ဖီးယှောင်စခန်းအတွင်းသို့ဝင်ရောက်ရှာဖွီခြင်း၊ စခန်း ထဲဟိ အဆောင်များကို ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခသည်ဟုမျက်မြင်ဒေသခံများကပြောသည်။
ယင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် စစ်ဖီးယှောင်စခန်းအတွင်း၃နာရီခန့် လှည့်ပတ်ရှာဖွီနီခပြီးနောက် ပြန်လည်ဆုတ်ခွါလားခသည်။
သို့သော် စစ်ဖီးယှောင် စခန်း၏ရှိနန့်ပတ်ဝန်းကျင်တဝိုက်၌ အဂုအချိန်အထိ စောင့်ကြည့်နီကတ်ကြောင်း သိရသည်။
မြတန်ဆောင်းစစ်ဖီးယှောင်စခန်းတွင် လတ်တလော ထပ်တိုး စစ်ဖီးယှောင်များ အပါအဝင် အိမ်ထောင်စု ၂၈၀ ခန့်နန့် လူဦးရေ ၁၄၀၀ ကျော်ခိုလှုံ လျက်ဟိကြောင်း သိဟိရသည်။