APM ၊ စပ်တမ်ဘာ ၂၅ / ၂၀၂၃
မင်းပြားမြို့နယ်မာ ဒေနိ (စပ်တမ်ဘာ ၂၅ ရက်နိ)မိုးထစောစောက နွားတင်ဘုတ်တစီး ဒါးမြတိုက်ခံရလို့ ငွေကျပ်သိန်း ၁၀ ကျော်ပါလားကြောင်းသိရပါရေ။
ဖြစ်စဉ်မာ ဒေနိ မိုးထစောစော ၂ နာရီကျော်လောက်က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးက ဦးမောင်လုံးနန့် ဦးစိုးမင်းသိန်း ရို့စွာ နွားတင်ဘုတ်တစီးနန့် ခရီးထွက်လာစခါ မင်းပြားမြို့နယ်၊ ပန်ဇင်းမော်ရွာနားအရောက် မြစ်ရီစီးပြင်းနီလို့ ခရီးကို ဆက်မလားဘဲ ဘုတ်ကျောက်ချပနာ ညည့်အိပ်ခကတ်ရပါရေ။
ယင်းအချိန်မာ နာမည်မသိလူ ၄ ယောက်က ဘုတ်ထက်သို့ တက်လာပနာ ဒါးမြတိုက်လားစွာလို့ ဆိုပါရေ။
ယင်းဒါးမြတိုက်မှုအတွင်း ငွေကျပ် ၁၃၁၀၀၀ဝ ပါလားရေပိုင် ဖုန်းတလုံးနန့် တခြားပစ္စည်းတိလည်း ပါလားကြောင်း သိပါရေ။
လက်ဟိမာ ဒါးမြတိုက်မှုနန့်ပတ်သက်လို့ သက်ဆိုင်ရာက စုံးစမ်းစစ်ဆီးမှုတိလုပ်နီလို့ သိဟိရပါရေ။