
APM၊ ဩဂတ်စ် ၂၅ /၂၀၂၃
ချဲလ်ဆီးအသင်းသည် ဘရာဇီးကလပ်ဆန်းတို့စ်အသင်းမှဆယ်ကျော်သက်အရွယ်တိုက်စစ်မှူး ဝါသျှင်တန်နန့် အပြီးသတ် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ် ကြောင်း ကလပ်အသင်းဖက်က ဩဂတ်စ် ၂၄ ရက်နိတွင် အတည်ပြု ကြေညာ သည်။
ချဲလ်ဆီးအသင်းဖက်မှ ကဇတ်သမားအား ပြောင်းရွှိကြေး ယူရိုသန်း၂၀ ဖြင့် နောက်ထပ်တနှစ်ထပ်တိုးခွင့်အပါအဝင် ၈ နှစ်စာချုပ်ချုပ်ဆိုလိုက်သည်။
ဝါသျှင်တန်သည် ချဲလ်ဆီးအသင်း၏ (၉) ကြိမ်မြောက်ကဇတ်သမား ခေါ်ယူမှုဖြစ်သည်။
“ဒေဂုပိုင် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးနန့် စာချုပ်ချုပ်ခွင့်ရလို့ ဝမ်းသာပါရေ။ ကလပ်အသင်းကြီးမှာ ပွဲထွက်ကဇတ်ခွင့်ရဖို့ဖြစ်လို့လေ့ စိတ်လှုပ်သျှားမိပါရေ။အသင်းနန့်တတူ အောင် မြင်မှုတိ အများကြီးရအောင် ကြိုးစားလားပါဖို့” ဟု ဝါသျှင်တန်ကဆိုသည်။
အသက် ၁၈ နှစ်အရွယ် ဝါသျှင်တန် သည် ဒေဂုရာသီတွင် ဆန်းတို့စ်အသင်း၌ ပွဲဦးထွက်ကဇတ်ခွင့်ရခပြီးသွင်းဂို ၂ ဂိုးသွင်းယူပီးထားသည်။
Source – Chelsea sign 18-year-old Brazilian forward Washington
Photo – The Irish Sun
