
APM ၊ ဩဂတ်စ် ၂၅/ ၂၀၂၃
မုန်တိုင်းကြောင့်ပျက်စီးခသည့် စစ်တွေမြို့မှ ဟိန္ဒူဘာသာရီးကျောင်းတချို့မှာ လက်ဟိ မုန်တိုင်းအပြီး ၃ လ ကျော်ကြာလာ သည်တိုင် ပြုပျင်ရန် ခက်ခဲနီသိမ့်ကြောင်း သိရသည်။
ယင်း ဟိန္ဒူဘာသာရီးကျောင်းများမှာ စစ်တွေမြို့၊မောလိပ်ရပ်ကွက်နန့် ကျောင်းကြီးလမ်းရပ်ကွက်၊ ချင်းပြန်လမ်းဟိ ကျောင်းများဖြစ်ပြီး၊ Mocha မုန်တိုင်းကြောင့် ခေါင်မိုးလန်လားသည့်အပြင် နံရံများလည်း ဆိုးဆိုးဝါးဝါးပျက်စီးခရသည်။
မုန်တိုင်းအပြီး ၃ လကျော်ကြာလာသည့်တိုင် အဆိုပါကျောင်းများကို ပြန်လည်ပြုပျင်ရန် ထိရောက်သည့် အကူအညီ တစုံတရာမရသိမ့်၍ ကိုယ်ထူကိုယ်ထ ပြုပျင်နီကေလေ့ ငွေကြေးမလုံလောက်မှုကြောင့် အခက်အခဲဖြစ်နီရသည်ဟု ဘာသာရီးဂေါင်းဆာင်များက ပြောသည်။
လက်ဟိ မိုးတွင်းကာလဖြစ်သည့်အလျောက် ဘုရားကျောင်းများမှာ အမိုးအကာမဟိသိမ့်၍ ဝတ်ပြုရာတွင် အကြီးအကျယ် အခက်အခဲကြုံနီကတ်ရသည်ဟုဆိုသည်။
ဘာသာရီးကျောင်းများသည် ဟိန္ဒူဘာသာဝင်များအတွက် အထူးကာကွယ်စောင့်ယှောက်ရမည့် ဘာသာရီး အဆောက်အအုံ များ၍ ပြုပျင်ရန် ငွေကြေးအကူညီများ အရေးတကြီးလိုအပ်နီသည်ဟု ဘာသာရီးဂေါင်းဆောင်များက ဆိုသည်။
ပြီးခသည့် မေ ၁၄ ရက်က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်တဝန်းက ဘာသာရီး အဆောက်အအုံ ၁၅၀၇ ဆောင်ပျက်စီးရပြီး၊ ယင်းအထဲ လက်ဟိအချိန်ထိ လုံးဝမပြုပျင်ရသိမ့်သော ဘသာရီး ကျောင်းတချို့ဟိနီသိမ့်ကြောင်း သိရသည်။


