
APM၊ ဩဂတ်စ် ၂၅ / ၂၀၂၃
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနန့် တရုတ်သမ္မတ ချီကျင့်ဖျင်ရို့သည် နယ်စပ်ကိစ္စနန့်ပတ်သက်၍ တင်းမာမှုများကို လျော့ချရန် နန့် အငြင်းပွားနယ်စပ်၌ ချထားသော ထောင်နန့်ချီသည့် နှစ်ဖက်တပ်များကို ရုတ်သိမ်းရန် ဩဂတ်စ် ၂၄ ရက်နိတွင် သဘောတူခကတ်ကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
ဝန်ကြီးချုပ်မိုဒီနန့် သမ္မတချီကျင့်ဖျင့်ရို့သည် ဩဂတ်စ် ၂၂ ရက်နိမှ ၂၄ ရက်နိအထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပခ သည့် BRICS အစည်းအဝေးသို့ တက်ရောက်ခပြီးနောက် နှစ်ဖက်ဆွေးနွေးမှုပြုလုပ်ရာ ဒေဂုပိုင်သဘောတူညီခခြင်းဖြစ် သည်။
အိန္ဒိယ နိုင်ငံခြားရီးဝန်ကြီး ဗီနေး မိုဟန်ကွာထရာက ဝန်ကြီးချုပ်မိုဒီနန့် တရုတ် သမ္မတ ချီကျင့်ဖျင်ရို့သည် အထူးတွိဆုံမှု ပြုလုပ်ရာတွင် မဖြေယှင်းနိုင်သိမ့်သည် နယ်စပ်ပြဿနာများနန့်ပတ်သက်၍ စိုးရိမ်မှုများ အလေးထားဆွေးနွေးခကတ်ပြီး နှစ်ဖက်တင်းမာမှုများကို လျော့ချရန်သဘောတူခကတ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
နယူးဒေလီဟိ တရုတ်သံရုံးကလေ့ တရုတ်-အိန္ဒိယ ဆက်ဆံရီး တိုးတက်ကောင်းမွန်လာခြင်းသည် နှစ်နိုင်ငံအကြား ဘုံအကျိုး စီးပွားအတွက်ရာမက ကမ္ဘာနန့် ဒေသတွင်း ငြိမ်းချမ်းရီး၊ တည်ငြိမ်ရီးနန့် ဖွံ့ဖြိုးတိုးတက်ရီးရို့အတွက်ပါ အထောက်အကူဖြစ်စီမည်ဟု သမ္မတချီကျင့်ဖျင်က ပြောကြားခကြောင်း သံရုံး၏ တွစ်တာတွင်ရွီးသားထားသည်။
နှစ်ဖက်အငြင်းပွားမှုဖြစ်ပွားနီသည့် ဟိမဝန္တာနယ်စပ် Ladakh ဒေသတွင် ကုန်ခသည့် ၂၀၂၀ ခုနှစ်က နယ်စပ် တိုက်ပွဲများကြောင့် အိန္ဒိယစစ်သား ၂၀ နန့် တရုတ်စစ်သား ၄ ယောက် သီးဆုံးခသည်မှစ၍ နှစ်ဖက်ဆက်ဆံရီး အဆိုးဆုံးအခြေအနီသို့ ရောက်ဟိခကာ သုံးနှစ်ကြာ တင်းမာမှုများဖြစ်ပွားနီခြင်းဖြစ်သည်။
Source Indias Modi and Chinese President Xi Jinping agree on efforts to de-escalate border tensions
Photo – AP
